၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုပွဲ အခမ်းအနားနှင့် (၇၅)နှစ်မြောက် စိန်ရတု ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားများတွင် ပြည်နယ်အတွင်းရှိ ထူးခြားသည့် MSME လုပ်ငန်းများနှင့် ဒေသထုတ်ကုန်များ ဖော်ထုတ်ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား နိုဝင်ဘာ ၂၄ ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်း များနှင့် ပတ်သက်၍ ထူးခြားလုပ်ငန်းများနှင့် ထုတ်ကုန်များအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ ဂုဏ်ပြုပွဲ အခမ်းအနားနှင့် (၇၅)နှစ်မြောက် စိန်ရတု ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်း အနားများတွင် ဖော်ထုတ်ပြသနိုင်ရေးအတွက် ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့ဝင်များနှင့် MSME စီးပွားရေးလုပ်ငန်းရှင်များ၏ ညှိနှိုင်းဆွေးနွေးပွဲကို နိုဝင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်အေဂျင်စီအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် က ယနေ့နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထုတ်ကုန်များ…