ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ ပြည်နယ်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ပုံမှန်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ
မြစ်ကြီးနား ဒီဇင်ဘာ ၃ ကချင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂ ရက် မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ ကျင်းပပြုလုပ်သည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် တာဝန်ယူဆောင်ရွက်ခဲ့သည့် အချိန်မှ စတင်၍ ပြည်နယ်အေးချမ်းတည်ငြိမ်ရေး၊ အုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများ နှင့်အညီ အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အတူ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းလုပ်ငန်းများကို စဉ်ဆက်မပြတ် အကောင် အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့သို့ လုပ်ငန်းဆောင်ရွက်ကြသည့်အခါ တွေ့ကြုံ လာသည့် အားနည်းချက်၊ အားသာချက်များကို ယခုလို…