ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြို့သန့်ရှင်းသာယာလှပရေး အခြေခံပညာကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတို့တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး

မြစ်ကြီးနား     သြဂုတ် ၂၇           ကခငှပွှညနွယွ၏ မှို့တောွ မှဈကှီးနားမှို့ မှို့အငွဂြါရပနွှင့အွညီ သန့ရွှငွးသာယာလှပရေး ဌာနဆိုငရွာအဖှဲ့အစညွးမှား၊ တပနွယမွိသားစုမှားစုပေါငွး၍ အခှခေံပညာအထကတွနွးကှောငွး (မနခွိနွ)နှင့ွ ခမောသီရပကွှကရွှိ ခမောသီဝံဘုနွးတောကွှီးကှောငွးဝငွးအတှငွး စုပေါငွးသန့ရွှငွးရေး လုပငွနွး ဆောငရွှကခွှငွးကို သှဂုတွ ၂၇ ရကွ နံနကွ ၇ နာရီခှဲတှငွ ဆောငရွှကခွဲ့ကှှသညွ။           ယင်းသို့ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အမျိုး သမီးရေးရာအဖွဲ့ဝင်များက ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု အောက်ရှိ တပ်နယ်များမှ တပ်ရင်း/ တပ်ဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့များက မန်ခိန်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းဝင်းနှင့် ကျောင်းပြင်တို့တွင် သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်း ပေးခြင်း၊ အမှိုက်များ ကောက်ယူခြင်း၊…

Read More

ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ပြည်ထောင်စုလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၏ (၂၃)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှ လမ်းညွှန်မှာကြားချက်များအား ခရိုင်/ မြို့နယ်တရားသူကြီးများ၊ တရားရုံးဝန်ထမ်းများအား ထပ်ဆင့်ရှင်းလင်း

မြစ်ကြီးနား     သြဂုတ် ၂၇           ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်တရားလွှတ်တော်များ၏ (၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များအား ကချင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်က ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်တရားသူကြီးများ၊ တရားရုံး ဝန်ထမ်းများအား ထပ်ဆင့်ရှင်းလင်းပွဲနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၂၇ ရက် နံနက် ၉ နာရီက ကချင်ပြည်နယ်တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာက တရားရုံးများတွင် လက်ခံ စစ်ဆေးလျက်ရှိသော အမှုများကို ကြန့်ကြားမှုမရှိစေရေး ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ညွှန်ကြားချက်များ၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မှန်မှန်နှင့် မြန်မြန်ပြီးပြတ်အောင်စစ်ဆေး ဆောင်ရွက်ကြရေး၊ သက်သေများကို စစ်ဆေးရာတွင်လည်း အမှန်တရားကို ဖော်ဆောင်နိုင်အောင် သက်သေခံဥပဒေ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များ လိုက်နာ၍ စစ်ဆေးကြရေး၊ မှုခင်းများ ကြန့်ကြာမှုမရှိစေရန် သက်ဆိုင်ရာတရားစွဲအဖွဲ့အစည်းများနှင့် အချိန်နှင့်တစ်ပြေးညီ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများ အထိမ်းအမှတ်အခမ်းအနားသို့ တက်‌ရောက်အားပေး

မြစ်ကြီးနား     သြဂုတ် ၂၆           ကချင်ပြည်နယ် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများ အထိမ်းအမှတ် အခမ်းအနားကို သြဂုတ် ၂၆ ရက် နံနက် ၁၀ နာရီက ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။           အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလို အာဟာရဖွံ့ဖြိုးရေးရက် သတ္တပတ် လှုပ်ရှားမှုများအား သတ်မှတ်ဆောင်ရွက်ခြင်းသည် ပြည်သူလူထုကိုယ်တိုင် အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လာပြီး၊ အာဟာရဆိုင်ရာ အသိပညာဗဟုသုတများ လည်း ပိုမိုရရှိလာကာ ကလေးငယ်များနှင့် အမျိုးသမီးများ၏ ကျန်းမာရေးနှင့် အာဟာရအခြေအနေ လည်း ပိုမိုကောင်းမွန်မြင့်မားလာစေရန် အထောက်အကူပြုမှာဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတစ် နိုင်ငံဖွံ့ဖြိုးမှုအတွက် အခြေခံကျပြီးအရေးပါသည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် အာဟာရဖွံ့ဖြိုး‌ရေး ရက်သတ္တပတ်အထိမ်းအမှတ် အာဟာရချက်ပြုတ် သရုပ်ပြပြိုင်ပွဲနှင့် အာဟာရပညာပေးဆွေးနွေးပွဲသို့ တက်ရောက်အားပေး

မြစ်ကြီးနား     သြဂုတ် ၂၅           ကချင်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူး၍ (၅)နှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အထိမ်းအမှတ် အာဟာချက်ပြုတ်သရုပ်ပြပြိုင်ပွဲနှင့် အာဟာရပညာပေးဆွေးနွေးပွဲကို သြဂုတ် ၂၅ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြု လုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်‌ရောက်အားပေးခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ပြည်နယ် ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်းက ယခုလို အာဟာရဗဟုသုတများ ဖြန့်ဝေကျင့်သုံးခြင်းဖြင့် ကချင် ပြည်နယ်အတွင်းရှိ ပြည်သူတစ်ရပ်လုံး ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်မှုအလေ့အထများ ပိုမိုဖြစ်ထွန်းလာမည်ဖြစ်ကာ အာဟာရပြည့်ဝသော၊ ကျန်းမာပြီး သန်မာထွားကျိုင်းသော၊ ဉာဏ်ရည် မြင့်မားစွာသော မိသားစုများ ပိုင်ဆိုင်ကြပါစေကြောင်း တိုက်တွန်းပြောကြားသည်။          …

Read More

ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးလုပ်သားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

မြစ်ကြီးနား     သြဂုတ် ၂၅           ကချင်ပြည်နယ်ကလေးအလုပ်သားပပျောက်ရေးကော်မတီ၏ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေ ခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၂၅ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ ပြည်နယ်လူမှု ဝန်ထမ်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။           အစည်းအဝေးတွင် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားမျာား ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရဖွဲ့ဝင် လူမှုရေးရာ ဝန်ကြီး ဦးဝင်းရဲထွန်းက ပြည်နယ်အတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ် သမားများ လျော့နည်းပပျောက်စေရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် အခြားလုပ်ငန်း ကော်မတီများနှင့် ပူးပေါင်းညှိနှိုင်း၍ ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော်ဆောင် ရွက်သွားရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။           ထို့နောက် ဆပ်ကော်မတီအတွင်းရေးမှူး ပြည်နယ်ဦးစီးမှူး ဦးသန်းအောင်နှင့် တက်ရောက် လာကြသူများက…

Read More

ကချင်ပြည်နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူ (IDPs)များအား ပွင့်လင်းရာသီတွင် အမြန်ဆုံး ပြန်လည်နေရာချထားပေးနိုင်ရေး မြို့နယ်အလိုက် နယ်မြေဒေသများပေးပို့နိုင်ရေးနှင့် ပြည်နယ်အတွင်း ခရိုင်အခြေပြု စိုက်ပျိုး၊မွေးမြူရေး တွဲဖက်အထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

မြစ်ကြီးနား     သြဂုတ် ၂၅           ကချင်ပြည်နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူ (IDPs)မိသားစုများအား မိုးရာသီအကုန် ပွင့်လင်းရာသီတွင် ပြန်လည်နေရာချထားပေးနိုင်ရေးအတွက် ပြန်လည်နေရာချထားပေးမည့် နယ်မြေ ဒေသ(မြို့နယ်အမည်)အား ပေးပို့နိုင်ရေးနှင့် လုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များ၊ သာဘာရေးအသင်းအဖွဲ့များ၊  NGO အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သြဂုတ် ၂၅ ရက် နံနက် (၁၀)နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအနေဖြင့် ယာယီခိုလှုံရာစခန်းများတွင် (၁၀)စုနှစ်ကျော်နေထိုင်ခဲ့ကြသဖြင့် စခန်းများပိတ်သိမ်းနိုင်ရေး၊ လူသားချင်စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးခြင်းနှင့် ပုံမှန် လူနေမှုဘဝတွင် အမှီအခိုကင်းစွာ ပြန်လည်ရပ်တည်နိုင်ရေး ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များ နှင့် ဘာသာရေးအသင်းအဖွဲ့များ၊ အဖွဲ့အစည်းအားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ငန်းများ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ် ငွေရတုအကြိုတက္ကသိုလ်နှစ်ပတ်လည် အထိမ်းအမှတ် စာတမ်းဖတ်ပွဲသို့ တက်ရောက်အားပေး

မြစ်ကြီးနား     သြဂုတ် ၂၄           ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၏ (၂၄)နှစ်ပြည့် ငွေရတုအကြို တက္ကသိုလ်နှစ်ပတ် လည်နေ့ အထိမ်းအမှတ်အဖြစ် သုတေသနစာတမ်းဖတ်ပွဲကို သြဂုတ် ၂၄ ရက် နံနက် ၈ နာရီခွဲက မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက် အားပေးခဲ့ကြသည်။           ရှေးဦးစွာ စာတမ်းဖတ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြစ်ကြီးနားတက္ကသိုလ် သည် ပညာသင်ယူဆည်းပူးရာ၊ အသိဉာဏ်ဗဟုသုတများကို ဖြန့်ဝေပေးရာ ဗဟိုချက်မ ပညာဘဏ် တိုက်တစ်ခုအဖြစ်ရပ်တည်၍ အသိပညာမျက်စိ အလင်းဖွင့်ပေးခဲ့သည်မှာ (၂၄)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ သင်ကြားရေးနှင့် သုတေသနသည် တက္ကသိုလ်တစ်ခု၏ ဂုဏ်သိက္ခာ၊ အဆင့်အတန်း မြင့်မားရေးအတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသည့်အပြင် သုတေသနစာတမ်းဖတ်ပွဲတွင် ဆွေးနွေးမေးမြန်းကြခြင်းဖြင့် ရရှိလာသော…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ ပြည်သူများ စက်ဆုံးဆီပုံမှန်ဝယ်ယူအသုံးပြုနိုင်ရေး၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး ဆပ်ကော်မတီအဖွဲ့ဝင်များ၊ ဆီဆိုင်လုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးပြီး ဖားကန့်မြို့နယ်၊ ဆယ်ဇင်းဒေသ တိုက်ပွဲရှောင်ပြည်သူများအတွက် ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     သြဂုတ် ၂၄           ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများ စက်သုံးဆီနှင့်စပ်လျဉ်း၍ စိုးရိမ်ပူပန်မှု မဖြစ်ပေါ်စေရေး၊ ပုံမှန်ဝယ်ယူအသုံးပြုနိုင်ရေး၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ပြည်သူများသို့ ရည်ညွှန်းဈေးနှုန်း အတိုင်း ရောင်းချနိုင်ရေးအတွက် ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီအဖွဲ့ဝင်များ၊ ဆီဆိုင်လုပ်ငန်းရှင်များနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၂၄ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ရက်ပိုင်းအတွင်း စက်သုံးဆီပြတ်လပ်မည့် မမှန်သတင်း၊ ကောလဟာလများကြောင့် ပြည်သူများ စိုးရိမ်ပူပန်မှုဖြစ်ပေါ် ပြီး တန်းစီဝယ်ယူမှုများဖြစ်ပေါ်ခဲ့ပါကြောင်း၊ ကချင်ပြည်နယ်အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် တည်ဆောက်ရေးလုပ်ငန်းများတွင်လည်းကောင်း၊ ပြည်သူများ နေ့စဉ်လုပ်ငန်းများ ‌ဆောင် ရွက်ရန်အတွက် သွားလာလှုပ်ရှားရာတွင်လည်းကောင်း စက်သုံးဆီသည်…

Read More

ပြည်ထောင်စု (၆)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန် မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းမှာကြားခြင်းနှင့်အတူ ကချင်ပြည်နယ်(၆)လပတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး(ဒုတိယနေ့)ဆက်လက်ကျင်းပ

မြစ်ကြီးနား     သြဂုတ် ၂၃           ပြည်ထောင်စု (၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများ၏ ကချင်ပြည်နယ်(၆)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး(ဒုတိယနေ့)ကို သြဂုတ် ၂၃ ရက် နံနက် ၈ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြသည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင် ရာဌာနအလိုက် မူဝါဒ၊ ရည်မှန်းချက်များ၊ ၂၀၂၂ ခုနှစ်၊ ဖေ‌ဖော်ဝါရီ ၁ ရက်နေ့မှ ဇူလိုင် ၃၁ ရက်နေ့အထိ (၆)လတာကာလအတွင်း စီမံကိန်းလုပ်ငန်း‌များ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ်များကို ပါဝါပွိုင့်များဖြင့် အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်တို့က သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များအပေါ်…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့က တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသားတံခွန်စိုက်၊ အမျိုးသမီးတံခွန်စိုက်နှင့် စုပေါင်းတံခွန်စိုက် ဆုဖလားများ ရရှိခဲ့သော အောင်ပွဲရ ကချင်ပြည်နယ်ဂျူဒိုအသင်းအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား    သြဂုတ် ၂၂           ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုပြိုင်ပွဲတွင် စုစုပေါင်း ရွှေတံဆိပ် (၁၁)ခု၊ ငွေတံဆိပ် (၇)ခုနှင့် ကြေးတံဆိပ် (၂)ခုတို့ဖြင့် အမျိုးသားတံခွန်စိုက်၊ အမျိုးသမီးတံခွန်စိုက်နှင့် စုပေါင်း တံခွန်စိုက်ဆုဖလားများအပြင် အမျိုးသမီး/ အမျိုးသား အကောင်းဆုံးဆုများကိုပါ ရယူခဲ့ကြသော အောင်ပွဲရ ကချင်ပြည်နယ်ဂျူဒိုအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို သြဂုတ် ၂၁ ရက် ညနေ ၅ နာရီခွဲက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။           ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့အနေဖြင့် မရသေး သည့် အောင်မြင်မှုများကို ရရှိအောင်ကြိုးစားခြင်းထက် ရပြီးသားအောင်မြင်မှုများကို ထိန်းသိမ်းရခြင်း သည် ပိုမိုခက်ခဲ့သဖြင့် စံချိန်တင်ဆုတံဆိပ်များရယူ ဂုဏ်ဆောင်ထားသည့် ပြည်နယ်ဂျူဒိုအသင်းနှင့် အားကစားနည်းအလိုက် ဆပ်ကော်မတီများအနေဖြင့်လည်း…

Read More