ကချင်ပြည်နယ်ဝန်ကြီးချုပ် အာဟာရဖွံ့ဖြိုး‌ရေး ရက်သတ္တပတ်အထိမ်းအမှတ် အာဟာရချက်ပြုတ် သရုပ်ပြပြိုင်ပွဲနှင့် အာဟာရပညာပေးဆွေးနွေးပွဲသို့ တက်ရောက်အားပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် အာဟာရဖွံ့ဖြိုး‌ရေး ရက်သတ္တပတ်အထိမ်းအမှတ် အာဟာရချက်ပြုတ် သရုပ်ပြပြိုင်ပွဲနှင့် အာဟာရပညာပေးဆွေးနွေးပွဲသို့ တက်ရောက်အားပေး

မြစ်ကြီးနား     သြဂုတ် ၂၅

          ကချင်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူး၍ (၅)နှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အထိမ်းအမှတ် အာဟာချက်ပြုတ်သရုပ်ပြပြိုင်ပွဲနှင့် အာဟာရပညာပေးဆွေးနွေးပွဲကို သြဂုတ် ၂၅ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြု လုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်‌ရောက်အားပေးခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ပြည်နယ် ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်းက ယခုလို အာဟာရဗဟုသုတများ ဖြန့်ဝေကျင့်သုံးခြင်းဖြင့် ကချင် ပြည်နယ်အတွင်းရှိ ပြည်သူတစ်ရပ်လုံး ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်မှုအလေ့အထများ ပိုမိုဖြစ်ထွန်းလာမည်ဖြစ်ကာ အာဟာရပြည့်ဝသော၊ ကျန်းမာပြီး သန်မာထွားကျိုင်းသော၊ ဉာဏ်ရည် မြင့်မားစွာသော မိသားစုများ ပိုင်ဆိုင်ကြပါစေကြောင်း တိုက်တွန်းပြောကြားသည်။

          ဆက်လက်၍ ပြည်နယ်အာဟာရဌာနမှ ဒုတိယပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလှိုင်လှိုင်ဌေးက ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား အာဟာရပြည့်ဝမျှတစွာ ချက် ပြုတ်စားသောက်တတ်စေရန်နှင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များမှ အာဟာရချက်ပြုတ်သရုပ်ပြပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ချက်ပြုတ်နိုင်ရေး ပြင်ဆင်ထားရှိမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်မိခင် နှင့်ကလေးကြီးကြပ်မှု စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်လွင်လွင်မော်ထံ အသင်းအတွက်ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ ပေးအပ်ခဲ့ကာ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ ကလေးငယ်များအား ကစားစရာအရုပ်များ၊ အာဟာရပြည့်ဝသော စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ထို့နောက် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား အာဟာရချက်ပြုတ်သရုပ်ပြပြိုင်ပွဲနှင့် အာဟာရပညာပေးဆွေးနွေးပွဲများကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်း၊ အဖွဲ့ဥက္ကဋ္ဌ ဒေါ်လွင်လွင်မော်နှင့် အဖွဲ့ဝင်များက အာဟာရချက်ပြုတ်သရုပ်ပြပြိုင်ပွဲ တွင် ဆုရရှိခဲ့သည့် ရပ်ကွက်များအား ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၏ အာဟာရဗဟုသုတပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုငွေများနှင့် အိုင်အိုဒင်း ဆားထုပ်များကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။