
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗန်းမော်နှင့် မန်စီမြို့နယ်အတွင်း တွေ့ဆုံပွဲများ ကျင်းပပြီး စိုက်ပျိုးမွေးမြူရေးကဏ္ဍတိုးတက်ရေးနှင့် နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်
ဗန်းမော် မေ ၁၀ ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ မေ ၁၀ ရက်နေ့တွင် ဗန်းမော်နှင့် မန်စီမြို့နယ်တို့တွင် တွေ့ဆုံပွဲ များကျင်းပပြီး စိုက်ပျိုးမွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပေးအပ် မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များသည် ဗန်းမော်မြို့ စုပေါင်းရုံးတွင်းရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ခရိုင်နှင့်မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ သမိုင်းတစ်လျောက် နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်များနှင့် လက်ရှိ နိုင်ငံရေးအခြေအနေတို့ကို ရှင်းလင်းပြောကြားပြီး နိုင်ငံတော်အနေ ဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုပေါ်ထွန်းလာစေရေးအတွက် လွတ်လပ်…