မဟာသင်္ကြန်အကြတ်နေ့ မြစ်ကြီးနားမြို့ပေါ်ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်များတွင် သင်္ကြန်ချစ်သူများဖြင့် ယခင်နေ့များထက် ပိုမိုအေးချမ်းပျော်ရွှင်စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိ
မြစ်ကြီးနား ဧပြီ ၁၅ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ပွဲတော် အကြတ်နေ့ ယနေ့ ဧပြီ ၁၅ ရက်တွင် ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပသည့် နေရာများနှင့် မြို့ပေါ်ရပ်ကွက်များ၊ ပန်းခြံများတွင် လှည့်လည်သွားလာသူများ၊ ရေပက်ခံထွက်သူများ၊ ရေကစားသူများဖြင့် ယခင်နေ့များထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ အဆိုပါ သင်္ကြန်ပွဲတော်တွင် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်၊ ဗဟိုမဏ္ဍ့ပ်တည်ရှိရာ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် အထူးစည်ကားလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန် နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အထူး ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်၍ သင်္ကြန်ချစ်သူများနှင့်အတူ ပျော်ရွှင်စွာ အတာရေသဘင်ကို ဆင်နွှဲခဲ့ကြသည်။…