မြစ်ကြီးနားမြို့၌ ရှမ်းမျိုးနွယ်စုများ စုပေါင်း၍ ရှမ်းရိုးရာ ဓလေ့နှင့်အညီ ရှမ်းသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်
မြစ်ကြီးနား ဧပြီ ၁၃ ကချင်ပြည်နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ၏ ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို ရှမ်း တိုင်းရင်းသားတို့၏ ရိုးရာအစဉ်အလာနှင့်အညီ ဘိုးဘွားဂါရဝပြုကန်တော့ခြင်း၊ ဗုဒ္ဓမြတ်စွာဘုရားအား ရေစင်သွန်းလောင်းပူဇော်ခြင်းနှင့် ရေကစားခြင်းများကို ယနေ့ ဧပြီ ၁၃ ရက်နေ့ မွန်းတည့် ၁၂ နာရီက မြစ်ကြီးနားမြို့ နောင်ခမ်းရှမ်းရွာအတွင်းရှိ ကံသာရာမကျောင်းတိုက်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြ သည်။ အဆိုပါ ရှမ်းရိုးရာသင်္ကြန် ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးများဖြစ်ကြသည့် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုးသိန်း၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဦးတင်အောင်၊ လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဦးလီပေါ်ရဲ့ နှင့် ရဝမ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးမယစ်ယောရှုတို့က ကချင်ပြည်နယ်ဝန်ကြီးချုပ် ကိုယ်စားတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားမျိုးနွယ်စု (၅)မျိုးမှ လူငယ်အကအဖွဲ့များနှင့်အတူ ပြည်နယ်ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင် အောင်နှင့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူများက…