
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်း (ရေခဲတောင်သွားလမ်း) ဖောက်လုပ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး၊ ရေခဲတောင်ခြေရှိ ဇီယာဒမ်းကျေးရွာ၌ ဒေသတွင်းရှိ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပ
ပူတာအို ဖေဖော်ဝါရီ ၁၈ မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရန် ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့် ဖေဖော်ဝါရီ ၁၇ နံနက် ၆ နာရီက ပူတာအိုမြို့နယ်အတွင်းရှိ ဖုန်ကန်ရာဇီ ရေခဲတောင်သွားလမ်း အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်းပိုင်း ဆောင်ရွက်နေမှု အခြေအနေ များကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်အဆင့်ဌာနခရိုင်ရာတာဝန်ရှသူများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့်အတူ အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်းအတိုင်း ထွက်ခွာခဲ့ကြပြီး လမ်း လုပ်ငန်း စီမံကိန်းရှင်းလင်းဆောင်ရှိရာ ရှိန်းလိန်းချက်တောင်ထိပ် အမြင့်ပေ ၇၀၀၀ ကျော်မှတစ်ဆင့် ရေခဲတောင်များ မြင်တွေ့နေရမှုကို ကြည့်ရှုခဲ့ကြသည်။ ထို့နောက် ကျေးရွာပေါင်း(၈)ရွာ၊ အိမ်ခြေ(၃၈၂)အိမ်၊ လူဦးရေ (၁၁၃၉)ဦးတို့အား…