ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ဝိုင်းမော်မြို့နယ်အတွင်းရှိ လူမူကူညီရေးအသင်းအဖွဲများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့
မြစ်ကြီးနား အောက်တိုဘာ ၁၇ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဝိုင်းမော်မြို့နယ်အတွင်းရှိ ပရဟိတလူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ယနေ့ မွန်းလွဲ (၁) နာရီခွဲက ဝိုင်းမော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်းရှိ ဆမားခန်းမ၌ သွားရောက်တွေ့ဆုံအားပေးထောက်ပံ့ပေးခဲ့သည်။ ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးက လူမှုကူညီရေးအသင်းအဖွဲ့များအနေဖြင့် ပရဟိတစိတ်ကိုအရင်းခံပြီး လူတိုင်း မလုပ်နိုင်သောအလုပ်ကို အများအကျိုးအတွက် ပေးဆပ်ဆောင်ရွက် နေသူများဖြစ်သကဲ့သို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း အတတ်နိုင်ဆုံးပါဝင်ကူညီဆောင်ရွက်ပေးကြသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် မိမိတို့ ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပေး ကြစေလိုကြောင်း အားပေးပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် ညှိနှိုင်းပေါင်းစပ်ပေးစေလိုသည့် ကိစ္စရပ်များအား အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍…