တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုအသင်း/အဖွဲ့ တာဝန်ရှိသူများနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးများ၊ ရပိုင်ခွင့်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြား
မြစ်ကြီးနား အောက်တိုဘာ ၂၄ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့်အတူ အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုအသင်း/အဖွဲ့မှတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့် သိသင့်/သိထိုက်သည့် ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားတို့၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ၊ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာများနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်း ဥပဒေပါအချက်အလက်များအပေါ် ပြည့်ပြည့်ဝဝသိရှိနားလည်စေရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားများဖြစ်ကြသည့် ကချင်မျိုးနွယ်စု (၆)မျိုး၊ ရှမ်းမျိုးနွယ်စု (၅)မျိုး၊ ဗမာတိုင်းရင်းသားအပါအဝင် ရခိုင်တိုင်းရင်းသား၊ ကရင်နှင့်ချင်းတိုင်းရင်းသား စာပေနှင့်ယဥ်ကျေးမှုအသင်းအဖွဲ့မှ ဥက္ကဋ္ဌများနှင့် ဝာာဝန်ရှိသူများက မျိုးနွယ်စုများအလိုက်…