ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၅ ရွာတွင် အခြေခံသဘာဝပတ်ဝန်းကျင်ပညာပေးအစီအစဉ်များ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး

မြစ်ကြီးနား     သြဂုတ် ၁၆           မြန်မာပြည်မြောက်ဖျားပိုင်း ရေခဲဖုံးတောင်ကြီးများတည်ရှိပြီး အာဆီယံအမွေအနှစ်ဒေသ တစ်ခုဖြစ်သည့် ခါကာဘိုရာဇီအမျိုးသားဥယျာဉ်တည်ရှိရာ ကချင်ပြည်နယ်၊ နောင်မွန်မြို့နယ်အတွင်း ကျေးရွာ ၁၅ ရွာတွင် သဘာဝပတ်ဝန်းကျင်အကြောင်းကို ပိုမိုသိရှိနားလည်တန်ဖိုးထား၍ ထိန်းသိမ်း ရေးလုပ်ငန်းများတွင် နိုင်ငံတော်နှင့် ပြည်နယ်အစိုးရကို အထောက်အကူပြုစေရန်နှင့် ဒေသခံများ ကိုယ်တိုင် ပူးပေါင်းဆောင်ရွက်လာစေရန်အတွက် သြဂုတ် ၁၆ ရက် ညနေ ၃ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး၊မလိခခန်းမ၌ အခြေခံသဘာဝပတ်ဝန်းကျင်ပညာပေး အစီအစဉ်များ‌ဆောင်ရွက်နိုင်ရေး ကြိုတင်အသိပေးရှင်းလင်းတင်ပြခဲ့သည်။           ထိုသို့ နောင်မွန်မြို့နယ်အတွင်း အခြေခံသဘာဝပတ်ဝန်းကျင်ပညာပေးအစီအစဉ်များ ဆောင် ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ကာလတွင် ကမ္ဘာကြီးပူနွေးလာပြီး ရာသီဥတုပြုပြင်ပြောင်းလဲမှုဖြစ်စဉ်များကို ပိုမိုတွေ့ရှိလာပါကြောင်း၊ နောင်မွန်မြို့နယ်သည် ရေခဲ တောင်များ၊ တောတောင်အရင်းအမြစ်များ၊ သစ်တောများ၊ တောရိုင်းတိရစ္ဆာန်များ၊ ငါးသယံဇာတများ စသည့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက်တိုးမြှင့်ဆောင်ရွက်နိုင်ရေး ခရိုင်၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌများ လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     သြဂုတ် ၁၅           ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ကာကွယ် ဆေးထိုးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း အရှိန်အဟုန်မပျက် ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များနှင့် ခရိုင်၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို သြဂုတ် ၁၅ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ် သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇအသစ် များ ထပ်မံကူးစက်ဖြစ်ပွားဖြစ်ပွားလျက်ရှိနေသည့်အတွက်  သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ကြရန်နှင့် ကာကွယ် ဆေး အကြိမ်ပြည့်ထိုးနှံပေးနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင်ကိုဗစ်-၁၉…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် “တူယှဉ်နွှဲပျော် ဂီတပွဲတော် Season-2” ပြိုင်ပွဲအတွက် ပြည်နယ်ကိုယ်စားပြုပြိုင်ပွဲဝင် အဆိုရှင်များ ရွေးချယ်ဆုချီးမြှင့်ပွဲသို့ တက်ရောက်

မြစ်ကြီးနား     သြဂုတ် ၁၄           (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သွား မည့် “တူယှဉ်နွှဲပျော် ဂီတပွဲတော် Season-2” ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကချင်ပြည်နယ်အတွင်းရှိ ဝါသနာရှင်များအတွက် သီချင်းဆိုပြိုင်ပွဲနှင့် လူရွေးချယ်ပွဲကို သြဂုတ် ၁၃ ရက် ညနေ ၄ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           အဆိုပါတေးသီချင်းဆိုပြိုင်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် သီချင်းဆိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး တေးသီချင်း ဆို ဝါသနာရှင် လူငယ်၊ မောင်မယ်များအနေဖြင့် ပြည်နယ်ကိုယ်စားပြုရွေးချယ်သွားမည်ဖြစ်သည့် အတွက် အကောင်းဆုံးယှဉ်ပြိုင်ကြရန်နှင့် ပြည်နယ်ကိုယ်စားပြု ရွေးချယ်ခံရသူများကိုလည်း မိမိတို့ အနေဖြင့်လိုအပ်သည့်ပံ့ပိုးကူညီမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်း မှာကြားသည်။           ထို့နောက်…

Read More

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ကချင်ပြည်နယ်အတွက် မတည်ပေးသည့်ကျပ် ၈ ဘီလီယံအား ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     သြဂုတ် ၁၃           နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားရေးမြှင့်တင် ရေး ရန်ပုံငွေမှ ပြည်နယ်စီးပွားရေးမြှင့်တင်ရေးအတွက် လွှဲပြောင်းမတည်ပေးအပ်ခဲ့သည့် ကျပ် ၈ ဘီလီယံအား ပြည်နယ်စီးပွားရေးမြှင့်တင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း ၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး ပွဲကို သြဂုတ် ၁၃ ရက် မွန်းလွဲ ၁ နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြု လုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော် စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ်ဘီလီယံ ၄၀၀ ကို နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးသန့်ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး နိုင်ငံ့စီးပွားရေးမြှင့်တင်နိုင်ရန် လယ်ယာစီးပွားမြှင့်တင်ရေးနှင့် တိုင်းဒေသကြီးနှင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှ တိုက်ပွဲရှောင်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲနှင့် ရုံတွင်း (In Door) အားကစားပြိုင်ပွဲများ ဖွင့်ပွဲသို့ တက်ရောက်

မြစ်ကြီးနား     သြဂုတ် ၁၃           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှ တိုက်ပွဲရှောင်ပြည်သူ များအား ကူညီထောက်ပံ့နိုင်ရေးနှင့် ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေး ပွဲကို သြဂုတ် ၁၃ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီး ထိစပ်သည့်နေရာတွင် တည်ရှိသည့် ဆယ်ဇင်းဒေသမှ တိုက်ပွဲရှောင် ပြည်သူများသည် ဖားကန့်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဘာသာရေး အဆောက်အအုံများတွင် အိမ်ထောင်စု (၅၄၅)စု၊ လူဦးရေ ၂၃၁၂ ဦးတို့သည် ခေတ္တတိမ်းရှောင်နေထိုင် လျက်ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ တိုက်ပွဲရှောင်ပြည်သူများအား လတ်တလော…

Read More

မြစ်ကြီးနားမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားနှင့် ကျောင်းသားကလေးငယ်များအား အာဟာရတိုက်ကျွေး

မြစ်ကြီးနား     သြဂုတ် ၁၂           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှု ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားနှင့် ကျောင်းသားကလေးငယ်များအား အာဟာရတိုက်ကျွေးခြင်းတို့ကို သြဂုတ် ၁၂ ရက် နံနက် ၉ နာရီခွဲက မြို့တော်ခန်းမနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်အားပေးခဲ့ကြသည်။           ရှေးဦးစွာ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ပြည်နယ်အဆင့် အထိမ်းအမှတ် အခမ်းအနားကို မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ကျန်းမာသန်စွမ်းသည့် လူအဖွဲ့အစည်း တည်ဆောက်နိုင်ရေးအတွက် ကျောင်းသား လူငယ်များ၏ ကျန်းမာရေးအဆင့်အတန်းမြှင့်တင်ရေးသသည် အဓိကကျသော ကဏ္ဍဖြစ်ပါကြောင်း၊ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်စာသင်ကျောင်းများရှိ မူလတန်း၊ အလယ်တန်း၊…

Read More

ကချင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဝိုင်းမော်မြို့နယ်အတွင်း ဆီထွက်သီးနှံနေကြာ ဧက ၆၀၀ ကျော် တိုးချဲ့စိုက်ပျိုးနိုင်ရေး ခတ်ချိုကျေးရွာရှိတောင်သူများနှင့် စိုက်ပျိုးရေးအသိပညာပေးဆွေးနွေး

မြစ်ကြီးနား     သြဂုတ် ၁၂           ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း မိုးစပါးအများဆုံး စိုက်ပျိုးထုတ်လုပ်သည့် ဝိုင်းမော် မြို့နယ်အတွင်း ဆောင်းသီးထပ်သီးနှံအဖြစ် ဆီးထွက်သီးနှံ နေကြာဧက ၆၀၀ ကျော်တိုးချဲ့ စိုက်ပျိုး နိုင်ရေးအတွက် သြဂုတ် ၁၁ ရက် ညနေ ၃ နာရီက ခတ်ချိုကျေးရွာအုပ်စုအတွင်းရှိ တောင်သူများနှင့် ခတ်ချိုကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရေး တောင်သူအသိပညာပေး ဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။           တောင်သူများအား အသိပညာပေးဆွေးနွေးပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက ခတ်ချိုဒေသသည် ရေခံမြေခံကောင်းမွန်ပြီး ဒေသစပါးထွက်ရှိမှု အားကောင်းပါကြောင်း၊ ယနေ့ တောင်သူများအနေဖြင့် မိုးစပါးစိုက်ပျိုးရိတ်သိမ်း ပြီးချိန်တွင် တောင်သူများ ဝင်ငွေတိုးပွားရေးအတွက် ဆောင်းသီးထပ်သီးနှံအဖြစ် ဆီထွက်သီးနှံ နေကြာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး တိုက်တွန်းလိုပါကြောင်း၊ မိမိတို့အနေဖြင့် စိုက်ပျိုးရေးသွင်းအားစု…

Read More

ကချင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ရပ်/ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်လှစ်ပေး

မြစ်ကြီးနား     သြဂုတ် ၁၂           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ရပ်မိရပ်ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များအတွက် အမှတ်(၁၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မြစ်ကြီးနား)မှ ကျင်းပပြုလုပ်သည့် ရပ်/ ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်ပွဲ အခမ်းအနားကို သြဂုတ် ၁၂ ရက် နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပြည်နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက လူကုန်ကူးမှုများသည် ခေတ်စနစ်ပြောင်းလဲမှုများ နှင့် နည်းပညာဖွံ့ဖြိုးမှုများအပေါ်မူတည်၍ တစ်နှစ်ထက်တစ်နှစ် ပြောင်းလဲဖြစ်ပေါ်လျက်ရှိကြောင်း၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေအရ ဖွဲ့စည်းထားသော ရပ်/ ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော် ထုတ်ရေးအဖွဲ့များအနေဖြင့် လူကုန်ကူးမှုများ စုံစမ်းစစ်ဆေးရာတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက် နိုင်ရေး ယနေ့ဖွင့်လှစ်သင်ကြားပေးသည့်…

Read More

ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ကြက်တောင်ရိုက်ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ပြည်နယ်လက်ရွေးစင်အသင်းအား အောင်နိုင်လံရေးနှင့် ထောက်ပံ့ငွေများ ပေးအပ်

မြစ်ကြီးနား     သြဂုတ် ၁၁           ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကြက်တောင်ရိုက်ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၌ သြဂုတ် ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကချင်ပြည်နယ်မှ သွားရောက်ယှဉ်ပြိုင်ကြ မည့် လက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီ က ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။           ပြည်နယ်လက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေပေးအပ်ရာတွင် ပြည် နယ်လက်ရွေးစင်ကြက်တောင်ရိုက်အသင်း အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများက အသီးသီးမိတ်ဆက်ခဲ့ကြပြီး လက်ရွေးစင်အသင်းနည်းပြ ဦးဒီးရမ်းက ပြိုင်ပွဲဝင်နိုင်ရေး ကြိုတင် ပြင်ဆင်လေ့ကျင့်ခဲ့မှုများကို ရှင်းလင်းတင်ပြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက အုပ်ချုပ်သူ နည်းပြများနှင့် ကစားသမားအနေဖြင့် ပြည်နယ်ဂုဏ်ကို မြှင့်တင်နိုင်သည့် အားကစားသမားများဖြစ်အောင် အားကစားစိတ်ဓာတ် အပြည့်ဖြင့် ကြိုးပမ်းယှဉ်ပြိုင်ကြရေး…

Read More

ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ မြစ်ကြီးနားမြို့နယ်အခြေခံပညာအဆင့်ပြိုင်ပွဲများ ပြုလုပ်ကျင်းပမှုကို တက်ရောက်အားပေးဆုချီးမြှင့်

မြစ်ကြီးနား     သြဂုတ် ၁၀           ကချင်ပြည်နယ်အနေဖြင့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပပြု လုပ်နိုင်ရေး မြို့နယ်အဆင့်ပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိရာ မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊ အေးမြသီတာခန်းမ၌ မြစ်ကြီးနားမြို့နယ် အခြေခံပညာအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို သြဂုတ် ၁၀ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။           ထို့သို့ မြစ်ကြီးနားမြို့နယ် အခြေခံပညာအဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပနေမှု ကို ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်…

Read More