ကချင်ပြည်နယ်ဝန်ကြီးချုပ် မဟာသင်္ကြန်အတက်နေ့ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်များတွင် ပြည်သူများနှင့်အတူ ပျော်ရွှင်စွာ ဆင်နွှဲ
မြစ်ကြီးနား ဧပြီ ၁၆ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော် အကြတ်နေ့ ယနေ့ ဧပြီ ၁၆ ရက်တွင် ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပသည့်နေရာများနှင့်မြို့ပေါ်ရပ်ကွက်များ၊ ပန်းခြံများတွင် လှည့်လည်သွားလာသူများ၊ ရေပက်ခံ ထွက်သူများ၊ ရေကစားသူများဖြင့် ယခင်နေ့များထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိ သည်။ အဆိုပါ သင်္ကြန်ပွဲတော်တွင် ဗဟိုမဏ္ဍပ်ရှိရာ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ဗဟိုမဏ္ဍပ်မှ ယိမ်း အကအလှများ၊ ဒေသခံတေးသံရှင်များ၏ ဖျော်ဖြေမှု၊ မြူးကြွ လှပသည့် ခေတ်ပေါ်အကများ၊ ဒီဂျေ တေးသီချင်းများ ဖျော်ဖြေတင်ဆင်မှုဖြင့် အထူးစည်ကားသိုက်မြိုက်လျက်ရှိရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊…