
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဗန်းမော်နှင့် မံစီမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုန်လုပ်မှုများတိုးတက်မြင့်မားလာစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်
ဗန်းမော် ဖေဖော်ဝါရီ ၃ ဗန်းမော်ခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စားစက်မှုလက်မှုလုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများ တိုးတက် မြှင့်မားလာစေရေး၊ ဆီထွက်သီးနှံနေကြာ အပါအဝင် လယ်သီးထပ်သီးနှံများ စိုက်ပျိုးထုတ်လုပ် နေမှုအခြေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၃ ရက်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။ ရှေးဦးစွာ နံနက် ၈ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့် ဆောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုး မွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဌာနဆိုင် ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်အတူ မံစီမြို့သို့ သွားရောက်ပြီး မြို့တော်…