ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၊ ပြည်နယ်အတွင်း အစိုးရနှင့် ပြည်သူများအကြား စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသည့် ပြည်နယ်/ ခရိုင်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၊ ပြည်နယ်အတွင်း အစိုးရနှင့် ပြည်သူများအကြား စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသည့် ပြည်နယ်/ ခရိုင်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား     ဇန်နဝါရီ ၃၁

          ၂၀၂၃ ခုနှစ် ဖော်ဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ များ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၃၀ ရက် ညနေ ၄ နာရီက ပြည်နယ်အစိုးရဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြော ကြားသည်။

          ထိုသို့ အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က လာမည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားကို ပြည်ထောင်စု ၏ အနှစ်သာရနှင့်ပေါ်လွင်အောင် ပုံရိပ်ကောင်းကောင်းဖြင့် အများပြည်သူယုံကြည်ခိုင်မာလာစေရေး အတိုင်းအတာတစ်ခုအထိ ပြည့်စုံအောင် ကျင်းပပြုလုပ်သွားရမည်ဖြစ်ကြောင်း၊ အလားတူ နေပြည် တော်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ပါဝင်ဆောင်ရွက်ရမည့် ဂုဏ်ပြုဖျော်ဖြေပွဲနှင့် ပြခန်းနှင့် ရိုးရာ အစာအစားအရောင်းပြခန်းများ ခင်းကျင်းပြသနိုင်ရေး ဌာနဆိုင်ရာများအနေဖြင့် စုစုစည်းစည်းဖြင့် လုပ်ငန်းတာဝန်အလိုက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျင်းပပြုလုပ်သွား မည့် နိုင်ငံတော်အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲ၊ အထိမ်းအမှတ် ပြိုင်ပွဲနှင့် အားကစားပွဲများ ကျင်းပပြုလုပ်နိုင်ရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီအလိုက် လုပ်ငန်းတာဝန်များကို ဖွဲ့စည်း ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ဂုဏ်ပြုဖျော်ဖြေပွဲနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်နယ်ကိုယ်စားပြု ပြခန်းနှင့် ရိုးရာအစားအစာအရောင်းပြခန်းများ ခင်းကျင်းပြသနိုင်ရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့် သက်ဆိုင်ရာကဏ္ဍ အလိုက် ကြိုတင်စီမံဆောင်ရွက် သွားရမည့်ကိစ္စရပ်များ၊ ရန်ပုံငွေသုံးစွဲသွားမည့် ကိစ္စရပ်များကို အသီး သီးတင်ပြဆွေးနွေးကြသည်။

          တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားတွင် မနောအက ထည့်သွင်းကျင်းပနိုင်ရေးနှင့် လိုအပ်သည်များကို ဆပ်ကော်မတီများ၏ လုပ်ငန်းကဏ္ဍအလိုက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          အလားတူ ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အတွင်းရှိ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြည်သူနှင့် အစိုးရအကြား စေ့စပ်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ဖွဲ့စည်းဆောင်ရွက်‌ပေးခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင်ပါ  စွမ်းစွမ်းတမံ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် ပြည်နယ်နှင့် ခရိုင်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များ အား ဇန်နဝါရီ ၂၉ ရက် ညနေ ၆ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော် ခန်းမ၌ ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။

          ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း ခရိုင်၊ မြို့နယ်များရှိ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး ပြည်သူနှင့် အစိုးရအကြား စေ့စပ်ညှိနှိုင်းဆောင်ရွက်နိုင်ပေးခဲ့သည့်အပြင်၊ ဒေသဖွံ့ဖြိုးရေး၊ ပန်းခင်း စီမံချက်နှင့် ပညာရေးကဏ္ဍတို့တွင် စွမ်းစွမ်းတမံ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ပြည် နယ်နှင့် ခရိုင်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များအားလုံးကို မိမိတို့အစိုးရအဖွဲ့အနေဖြင့် အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ခြင်း ဖြစ်ပါကြောင်းနှင့် ဆက်လက်၍လည်း အစိုးရအဖွဲ့နှင့်အတူ ပူးပေါင်းပါဝင်ဆောင် ရွက်ပေးကြစေလိုကြောင်း ဂုဏ်ပြုပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ နာယကအဖွဲ့ဝင်များထံ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း (၂၀)ကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီး များက မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်နှင့် ဗန်းမော်ခရိုင်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များမှ တာဝန်ရှိသူများထံ ဂုဏ် ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၀)သိန်းစီကိုလည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့ကြရာ ပြည်နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖော်လားဂမ်ဖန်က ကျေးဇူးတင်စကားပြန်လည်ပြောကြား ခဲ့ပြီး ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရှိရသည်။