
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်အတွင်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံ
မြစ်ကြီးနား ဇန်နဝါရီ ၉ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် ဇန်နဝါရီ ၉ ရက် မွန်းလွဲ ၁ နာရီတွင် ကချင်ပြည် နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များမှ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များနှင့် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက် မနောကွင်းအတွင်းရှိ မနောအိမ်တော်၌ တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကချင်ပြည်နယ်သူ/ ပြည်နယ်သားများ၏ စည်းလုံးညီညွတ်မှုကြောင့် ကချင်ပြည်နယ်သည် ယခုလို (၇၅)နှစ်မြောက် စိန်ရတုပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ မိမိတို့တိုင်းပြည်သည် နယ်ချဲ့ အင်္ဂလိပ်တို့၏ သွေးခွဲအုပ်ချုပ်မှုကြောင့် လွတ်လပ်ရေးဆုံးရှုံးခဲ့သော်လည်း မိမိတို့ တိုင်းရင်းသားများ၏ စည်းလုံး ညီညွတ်မှုကြောင့် လွတ်လပ်ရေးကို ရယူနိုင်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးသည် အရေး ကြီးသလို…