တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်အတွင်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံ

 တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်အတွင်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံ

မြစ်ကြီးနား        ဇန်နဝါရီ ၉

            တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် ဇန်နဝါရီ ၉ ရက် မွန်းလွဲ ၁ နာရီတွင် ကချင်ပြည် နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များမှ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များနှင့် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက် မနောကွင်းအတွင်းရှိ မနောအိမ်တော်၌ တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။

            တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကချင်ပြည်နယ်သူ/ ပြည်နယ်သားများ၏ စည်းလုံးညီညွတ်မှုကြောင့် ကချင်ပြည်နယ်သည် ယခုလို (၇၅)နှစ်မြောက် စိန်ရတုပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ မိမိတို့တိုင်းပြည်သည် နယ်ချဲ့ အင်္ဂလိပ်တို့၏ သွေးခွဲအုပ်ချုပ်မှုကြောင့် လွတ်လပ်ရေးဆုံးရှုံးခဲ့သော်လည်း မိမိတို့ တိုင်းရင်းသားများ၏ စည်းလုံး ညီညွတ်မှုကြောင့် လွတ်လပ်ရေးကို ရယူနိုင်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးသည် အရေး ကြီးသလို ကချင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း ပြည်နယ်အတွင်းရှိ  ကချင် မျိုးနွယ်စု (၆)မျိုး၊ ရှမ်းမျိုးနွယ်စု (၅)မျိုးနှင့် ဗမာတိုင်းရင်းသားတို့ အချင်းချင်းစည်းစည်းလုံးလုံးဖြင့် ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက် သွားကြရမှာလည်းဖြစ်ကြောင်း၊ ယနေ့ တိုင်းရင်းသားခေါင်းဆောင်များ အနေဖြင့် မိမိတို့၏ လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြစေလိုကြောင်း မှာကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့တိုင်းရင်းသားအဖွဲ့များအချင်းချင်း စည်းလုံးညီညွတ် ပြီး ပြည်နယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းကြိုးစားကြရန် လိုကြောင်း တိုက်တွန်းမှာကြားပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။

            ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်း သားရေးရာဝန်ကြီးတို့က ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များဖြစ်သည့် ကချင် (၆)မျိုး၊ ရှမ်း(၅)မျိုးနှင့် ဗမာတိုင်းရင်းသား မျိုးနွယ်စုခေါင်းဆောင်များထံ ထောက်ပံ့ငွေကျပ် ၃ သိန်းစီဖြင့် စုစုပေါင်း ငွေကျပ် ၃၆ သိန်းကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ ကချင်တိုင်းရင်းသားမျိုးနွယ်စုအားလုံးကိုယ်စား မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးလနူးက လည်းကောင်း၊ ရှမ်းမျိုးနွယ်စုများကိုယ်စား ကချင် ပြည်နယ်ရှမ်းမျိုးနွယ်စုစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစောနွဲ့ကြံအောင်ကလည်းကောင်း၊ ဗမာတိုင်းရင်းသားစာ ပေနှင့်ရိုးရာယဉ်ကျေးမှုအသင်း၊ အတွင်းရေးမှူး ဦးဝင်းကြည်တို့က လည်းကောင်း ကျေးဇူးတင်စကားနှင့် အသင်း၊ အဖွဲ့ များအတွက် လိုလားချက်များကို တင်ပြဆွေးနွေးခဲ့ကြသည်။

            ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး တိုင်းရင်းသားစာပေနှင့်ရိုးရာယဉ်ကျေးမှု အသင်းအဖွဲ့များနှင့် အတူ မနောအိမ်တော်ရှေ့၌ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ စုပေါင်းရိုက်ကူးခဲ့ကြကြောင်း သိရှိ ရသည်။