စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အဆင့်ဆင့်ရှိ ဝန်ထမ်းများအား ကောင်းမွန်မှန်ကန်သည့် အတွေးအခေါ်၊ အသိပညာ၊ ဗဟုသုတတိုးပွားလာစေရေး စာပေဟောပြောပွဲကျင်းပပြုလုပ်ပေး

 စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အဆင့်ဆင့်ရှိ ဝန်ထမ်းများအား ကောင်းမွန်မှန်ကန်သည့် အတွေးအခေါ်၊ အသိပညာ၊ ဗဟုသုတတိုးပွားလာစေရေး စာပေဟောပြောပွဲကျင်းပပြုလုပ်ပေး

မြစ်ကြီးနား     ဇန်နဝါရီ ၃

          (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ကချင်ပြည်နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး အဆင့်ဆင့်ရှိ ဝန်ထမ်းများအား ကောင်းမွန်မှန်ကန်သည့် အတွေးအခေါ်၊ အသိပညာ၊ ဗဟုသုတ တိုးပွားလာစေရေးနှင့် စာပေကို ဖတ်မှတ်လေ့လာပြီး ကျင့်ဝတ်သိက္ခာနှင့် ပြည့်စုံသော နိုင်ငံဝန်ထမ်းကောင်းများ ဖြစ်လာစေရေးအတွက် ဒေသခံစာရေးဆရာများနှင့် စာပေဟောပြောပွဲကို ဇန်နဝါရီ ၂ ရက်နှင့် ၃ ရက်နေ့များတွင် နံနက် ၁၀ နာရီမှ ၁၂ နာရီထိ ကျင်းပပြုလုပ်ခဲ့ကြသည်။

          အဆိုပါ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲကို ကျင်းပပြုလုပ်ရခြင်း နှင့်စပ်လျဉ်း၍ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးနေထွန်းအောင်က နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ကောင်းမွန်သော အုပ်ချုပ်မှုဖြင့် မှန်ကန်၍ ဘက်မလိုက်သော ပညာရည် ပြည့်ဝသော ဝန်ထမ်းကောင်းများဖြစ်လာ စေရေး ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

စာပေဟောပြောပွဲကို စာရေးဆရာမစံ (မြစ်ကြီးနားတက္ကသိုလ်၊ မြန်မာစာပါမောက္ခဌာနမှူး) ဒေါက်တာစန္ဒာလွင်က “လူငယ်၊ စာပေနှင့် အနာဂတ်တိုင်းပြည်” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အမျိုးစားစာပေဆု (လူငယ်စာပေဆု)နှင့် မဲခေါင်စာပေဆုရ စာရေးဆရာ အကြီးကိုကို(ကသာ)က “လူငယ်၊ စာပေ၊ ကိုယ်ကျင့်တရားနှင့် အနာဂတ်တိုင်းပြည်” ခေါင်းစဉ်ဖြင့်လည်းကောင်း  ဦးစီးဌာနရုံး အဆင့်ဆင့်ရှိ အရာထမ်း/ အမှုထမ်းများအား ဟောပြောခဲ့ကြသည်။

အဆိုပါ စာပေဟောပြောပွဲတွင် ဦးဆောင်ဟောပြောသည့် စာ‌ရေးဆရာမနှင့် စာရေးဆရာတို့ အား ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးညီညီလင်းက ကျေးဇူး တင် အမှတ်တရလက်ဆောင်များကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။