နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ ဖွင့်ပွဲအခမ်းအနားတွင် ရိုးရာအစဉ်အလာနှင့်အညီ မနောအကဖြင့် စုပေါင်းဆင်နွှဲ၍ ဖွင့်လှစ်ပေး၊ မြန်မာ့ရိုးရာလက်ဝှေ့ပွဲသို့ တက်ရောက်ဖွင့်လှစ်အားပေး

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ ဖွင့်ပွဲအခမ်းအနားတွင် ရိုးရာအစဉ်အလာနှင့်အညီ မနောအကဖြင့် စုပေါင်းဆင်နွှဲ၍ ဖွင့်လှစ်ပေး၊ မြန်မာ့ရိုးရာလက်ဝှေ့ပွဲသို့ တက်ရောက်ဖွင့်လှစ်အားပေး

မြစ်ကြီးနား     ဇန်နဝါရီ ၉

          ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုကချင် ပြည်နယ်နေ့အထိမ်းအမှတ် ဌာနေတိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်ခြင်းကို ဖော်ထုတ်ပြသသည့် ရိုးရာအစဉ်အလာနှင့်အညီ မနောအကဖြင့် ဇန်နဝါရီ ၉ ရက် နံနက် ၈ နာရီတွင် ကချင်ပြည်နယ်အစိုး ရအဖွဲ့ရုံးဝင်းရှေ့ မျက်ခင်းပြင်၌ ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ ကြသည်။

          ဖွင့်ပွဲ အခမ်းအနားသို့ (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ကို ဂုဏ်ပြုရန်‌ရောက်ရှိနေ ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့်    ဦး Jeng Phang နော်တောင်၊ ဦးစိုင်းလုံဆိုင်၊ ဦးမောင်းဟာ၊ ဦးရွှေကြိမ်းတို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ဖြိုးသန့်၊ ဦးဇော်အေးမောင်တို့ တက်ရောက်လာခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်နှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက ရိုးရာဧည့်ကြိုအကဖြင့် ကြိုဆိုခဲ့ကြသည်။

ထို့နောက် (၇၅)နှစ်မြောက်စိန်ရတု ကချင်ပြည်နယ်နေ့ အခမ်းအနားနှင့် မနောပွဲအား ရိုးရာအစဉ်အလာနှင့်အညီ ကျင်းပနိုင်ရေး ဖာသာဒေါက်တာဂေါ်လူယုံဝါက ဆုတောင်းဆက်ကပ် အပ်နှံပေးပြီး အခမ်းအနားနှင့် မနောပွဲအား ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ပြည်ထောင်စု ဝန်ကြီးဦးသောင်းဟန်၊ ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ဖြိုးသန့်၊ ဦးဇော်အေးမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦး Jeng Phang နော်တောင် နှင့် ကောင်စီအဖွဲ့ဝင်များ၊ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊  ကချင်ပြည်နယ်အတွင်းရှိ ကချင်မျိုးနွယ်စု (၆)မျိုး၊ ရှမ်းမျိုးနွယ်စု (၅)မျိုးနှင့် ဗမာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ပညာရေးကောလိပ်၊ သူနာပြုသင်တန်းကျောင်းများမှ သင်တန်းသား/သင်တန်းသူများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း မှ ကျောင်းသား/ကျောင်းသူများက မနောအကတွင် ဦးဆောင်သူ(Nau Shawng)များ၏ ဦးဆောင်မှု နှင့်အတူ ရိုးရာအစဉ်အလာနှင့်အညီ မနောကွင်းအတွင်း မနောအကဖြင့် တစ်ပျော်တစ်ပါး စုပေါင်း ဆင်နွှဲခဲ့ကြသည်။

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများက မနောကွင်းဘေးတွင် ပြသ ထားသည့် ဌာနဆိုင်ရာပြခန်းများနှင့် ဒေသထွက်ကုန်ပစ္စည်းများဖြစ်သည့် သတ္တုရေးရာပြခန်း၊ သစ်တောနှင့် ပတ်ဝန်းကျင်ရေးရာပြခန်း၊ ကျောက်စိမ်းနှင့်အချောထည်ပြခန်း၊ တိုင်းရင်းဆေးထုတ် ကုန်ပြခန်း၊ စက္ကူနှင့်စာအုပ်ထုတ်ကုန်ပြခန်း၊ စိုက်ပျိုးမွေးမြူရေးနှင့် ဒေသထွက်သစ်သီးဝလံပြခန်း၊ အဆင့်စားစားသောက်ကုန်ပြခန်း၊ ဂျပ်ခုတ်၊ ရက်ကန်း၊ ပိုးချည်မျှင်ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

          ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် (အထက်မြန်မာပြည်)တို့ ပူးပေါင်း၍ ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပပြုလုပ်သည့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲသို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြသည်။

          အဆိုပါ မြန်မာ့လက်ဝှေ့စိန်ခေါ်ပွဲကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့်        ဦး Jeng Phang နော်တောင်၊ ဦးစိုင်းလုံဆိုင်း၊ ဦးမောင်းဟာ၊ ဦးရွှေကြိမ်းတို့နှင့်အတူ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

          ထို့နောက် မိုးလုံလေလုံအားကစားခန်းမအတွင်း (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲအဖြစ် မြန်မာနိုင်ငံအတွင်းရှိ ရိုးရာလက်ဝှေ့ကလပ် ၁၂ ခုတို့မှ လက်ဝှေ့ကစားသမားများ၏ (၃)ချီစိန်ခေါ်ပွဲအဖြစ် တွဲဆိုင်း (၄)ဆိုင်း၊ (၄)ချီစိန်ခေါ်ပွဲအဖြစ် တွဲဆိုင်း (၂)ဆိုင်းအပါအဝင် (၅)ချီအထူးစိန်ခေါ်ပွဲအဖြစ် ပြည်နယ်နှင့်တိုင်းရွှေခါးပတ်ချန်ပီယံ၊ ဂျပန် ဘုရင့်ဖလားဆုရဆီးဂိမ်းလက်ရွေးစင် ဗျက္ခ(ကျားဖြူ)နှင့် သုံးထပ်ကွမ်းရွှေခါးပတ်ချန်ပီယံ ကရင် ပြည်နယ်မှ ဖျံသွေး(ထူးမေတ္တာထူး)တို့နှင့် ပြည်နယ်နှင့် တိုင်းရွှေတံဆိပ်အကောင်းဆုံးဆုရ ထွန်းလင်းခန့်(စစ်ကိုင်း)နှင့် ထွန်းမင်းအောင်(ထွန်းထွန်းမင်းကလပ်၊ မုဒုံ)တို့၏ ယှဉ်ပြိုင်မှုကို ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရှိရသည်။