(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အခမ်းအနားတွင် ရိုးရာအစဉ်အလာနှင့်အညီ မနောအကဖြင့် တိုင်းရင်းသားပေါင်းစုံ စုပေါင်းဆင်နွှဲနိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇန်နဝါရီ ၂           ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု  ကချင်ပြည်နယ်နေ့တွင် ရိုးရာအစဉ်အလာနှင့် မနောအကဖြင့် စုပေါင်းဆင်နွှဲနိုင်ရေး၊  မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ အပါအဝင် အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပနိုင်ရေးအတွက် ဇန်နဝါရီ ၂ ရက် နံနက် ၁ဝ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ နှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရှိရသည်။           အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့် ဆပ်ကော်မတီအသီးသီးမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှု အဖွဲ့များမှ တာဝန်ရှိသူများက (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်း အနားများအတွက် ဇန်နဝါရီ (၉)နေ့တွင် မနောအကဖြင့် စုပေါင်းဆင်နွှဲပြီး ဖွင့်လှစ်နိုင်ရေး၊…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ မြစ်ကြီးနားမြို့၌ ဒီဇင်ဘာအားကစားလ ပဉ္ဇမအပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲဆင်နွှဲ

မြစ်ကြီးနား     ဒီဇင်ဘာ ၃၁           ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှု အဖြစ် စတုတ္ထအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၃၁ ရက် နံနက် ၆ နာရီက မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တစ်ပျော် တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။           ရှေးဦးစွာ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ပြည်နယ်ပြည်သူ့အားကစားကွင်းရှေ့စုရပ်မှ စတင် တာလွှတ်ရာ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့် ဇနီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့် ဇနီး၊ တာဝန်ရှိသူများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်း သား/ ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ အား/ကာတိုက်တန်းလမ်းမှ ရုံးကြီးလမ်း တစ်လျှောက်၊ထိုမှတစ်ဆင့် သခင်နက်ဖေလမ်းအတိုင်း ပြည်သူ့အားကစားကွင်းအတွင်းသို့ ဝင်ရောက် ကာ တစ်ပျော်တစ်ပါး…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေတိုက်စားမှု ကာကွယ်ရေး ဧရာဝတီမြစ်ကမ်းတစ်လျှောက် မြေထိန်းနံရံတည်ဆောက်နေမှုကို ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဒီဇင်ဘာ ၃၁           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် နှစ်စဉ်မိုးရာသီတွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုနှင့် မိုးရွာသွန်းမှုများပြားသဖြင့် မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှု ဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိ သဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့၏ ဧရာဝတီမြစ်ရိုးတစ်လျှောက် ရပ်ကွက်များအတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့်  မြေထိန်းနံရံတည် ဆောက်ခြင်းလုပ်ငန်းစီမံကိန်းကို ဒီဇင်ဘာ ၃၁ ရက် နံနက် ၈ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ရှေးဦးစွာ မြေထိန်းနံရံတည်ဆောက်ခြင်းစီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍  ရှင်းလင်းဆောင် ၌ မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်၊ နယ်မြေ (၉)နှင့် နယ်မြေ (၁၀)အတွင်း ဧရာဝတီမြစ်ရေတိုက် စားခြင်းမှ ကာကွယ်ရန်အတွက် စုစုပေါင်း အရှည်ပေ (၃၁၈၈)ပေကို အပိုင်း (၂)ပိုင်းဖြင့် ဆောင်ရွက် လျက်ရှိသည့် အခြေအနေများကို ပြည်နယ်ဆည်မြောင်းနှင့်…

Read More

(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အခမ်းအနားတွင် မနောအကနှင့်အတူ ဒေသထုတ်ကုန် ပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်

မြစ်ကြီးနား     ဒီဇင်ဘာ ၃၀           ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် ကချင်ပြည်နယ်နေ့ တွင် သဝဏ်လွှာဖတ်ပွဲ၊ မနောအကနှင့်အတူ ဒေသထုတ်ကုန်ပြခန်းများ၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲ များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃၀ ရက် မွန်းလွဲ ၂ နာရီ က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဦးဆောင် ကျင်းပသည့် စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရှိရသည်။           အဆိုပါ လုပ်ငန်းအစည်းအဝေးတွင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ‌အောင်ကြည်လင်းက (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားများ ကို ယခင်နှစ်က တွေ့ကြုံခဲ့သည့် အားနည်းချက်/ အားသာချက်များအပေါ် ဆပ်ကော်မတီအသီးသီး အနေဖြင့် လေ့လာသုံးသပ်ပြီး ယခုနှစ်တွင် ပိုမိုကောင်းမွန်စွာ၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မဂ္ဂဇင်း စာအုပ်ပြီးမြောက်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

မြစ်ကြီးနား     ဒီဇင်ဘာ ၂၈           ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုကချင် ပြည်နယ်နေ့အထိမ်းအမှတ် ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးထုတ်ဝေသည့် နှစ်ပတ်လည် မဂ္ဂဇင်း အောင်မြင်စွာထုတ်ဝေနိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြသူများအား  ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းကို ဒီဇင်ဘာ ၂၈ ရက် နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ် သည်။           မဂ္ဂဇင်းစာအုပ်များအပ်နှံပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပွဲတွင် မဂ္ဂဇင်းဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ(ကိုယ်စား)၊ မဂ္ဂဇင်းအယ်ဒီတာချုပ် စာရေးဆရာအကြီးကိုကို(ကသာ)က (၇၅)နှစ် မြောက်စိန်ရတုနှစ် အထိမ်းအမှတ် ကချင်ပြည်နယ်မဂ္ဂဇင်းဖြစ်မြောက်ရေးအတွက် ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။           ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပုံနှိပ်ပြီးစီးခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မဂ္ဂဇင်းစာအုပ်များကို…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကချင်ပြည်နယ်အဆင့် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်အား တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား     ဒီဇင်ဘာ ၂၈           ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကချင်ပြည်နယ်အဆင့် အခြေခံပညာ ကျောင်းသားအားကစား ပွဲတော်ကို ဒီဇင်ဘာ ၂၇ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့၊ ပြည်နယ်ပြည်သူ့ အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ဖွင့် လှစ်ပေးသည်။           ရှေးဦးစွာ ကျောင်းသားအားကစားပွဲတော်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလို ကျောင်းသားအားကစားပွဲတော်ကြီးကျင်းပပေးခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ၏ အားကစား ဖွံ့ဖြိုးမှု အခွင့်အလမ်းများရရှိခြင်း၊ ကျောင်းအဆင့် လက်ရွေးစင်မှသည် မြို့နယ်၊ ပြည်နယ်၊ နိုင်ငံ့လက် ရွေးစင်အားကစားသမားများအဖြစ် ရွေးချယ်ခံရပြီး မိမိတို့၏ ကျွမ်းကျင်မှု၊ အရည်အသွေးများကို…

Read More

မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယကဖလား Fitness Dance ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြစ်ကြီးနား     ဒီဇင်ဘာ ၂၇           ကချင်ပြည်နယ်အတွင်းရှိ အမျိုးသမီးများ၏ အားကစားအဆင့်အတန်း မြင့်မားလာစေရေး ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီ နာယကဖလား Fitness Dance ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံ လေလုံအားကစားခန်းမ၌ ဒီဇင်ဘာ ၂၇ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ Fitness Dance ပြိုင်ပွဲကို ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီ နာယက၊ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးဒေါ်နန်ဆိုင်းကပြည်နယ်အတွင်းရှိ အမျိုးသမီးများ၏အားကစား အဆင့်အတန်းမြင့်မားရေးအတွက် ဆပ်ကော်မတီအနေဖြင့် အားကစားသင်တန်းများကို စဉ်ဆက် မပြတ်ကျင်းပပြုလုပ်ခဲ့သဖြင့် ထူးချွန်ကစားသမားများကို ပေါ်ထွက်ခဲ့ပါကြောင်း၊ ဆက်လက်၍လည်း အမျိုးသမီးအားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီး ဌာန၊ ဆပ်ကော်မတီအသီးသီးနှင့် ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြား သည်။           ထို့နောက် အခြေခံပညာကျောင်းသူလေးများ၏ အဖွဲ့လိုက် Fitness Dance…

Read More

မြစ်ကြီးနားမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အခမ်းအနားများကို ခိုင်မာသည့် သမိုင်းကြောင်း အစဉ်အလာများကို ဖော်ထုတ်ထိန်းသိမ်းပြီး ခမ်းနားထည်ဝါစွာကျင်းပပြုလုပ်သွားမည်

မြစ်ကြီးနား     ဒီဇင်ဘာ ၂၇           ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့အခမ်းအနားနှင့်ဇန်နဝါရီ(၁၀)ရက်နေ့တွင်ကျရောက်မည့်(၇၅)နှစ်မြောက်စိန်ရတု ကချင်ပြည်နယ် နေ့အခမ်းအနားများကို ကြီးကျယ်ခိုင်မာသည့် သမိုင်းကြောင်း အစဉ်အလာများနှင့်အညီ လက်ဆင့်ကမ်း  ဖော်ထုတ်ထိန်းသိမ်းပြီး ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်သွားရမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ထည့်သွင်းမှာကြားသည်။           ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား ကို ဘိုးဘွားများ၏ ကြိုးပမ်းမှုအပေါ် ပုံရိပ်ကောင်းမွန်စွာ၊ ဂုဏ်သိက္ခာရှိစွာ ကျင်းပပြုလုပ်သွားရမည် ဖြစ်သလို စိန်ရတုကချင်ပြည်နယ်အနေ့အခမ်းအနားသည်လည်း နိုင်ငံ၏လွတ်လပ်ရေးနေ့နှင့်အတူ ပေါ်ပေါက်လာခဲ့သည့်အတွက်ကြောင့် မိမိတို့ မျိုးဆက်များအပေါ် လွတ်လပ်ရေးနေ့နှင့် ပြည်နယ်နေ့ ၏အနှစ်သာရကို…

Read More

ခရစ္စမတ်ရုံးပိတ်ရက်တွင် နောင်တာလောရေလယ်ကျွန်းအပန်းဖြေကမ်းခြေငယ်စခန်းသို့ အပန်းဖြေလာရောက်လည်ပတ်သူများဖြင့် စည်ကား

မြစ်ကြီးနား     ဒီဇင်ဘာ ၂၆           ခရစ္စမတ်ပွဲတော် ရုံးပိတ်ရက်၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကျွန်းပင်သာစက်လှေဆိပ်နှင့် ကချင်စုစက်လှေဆိပ်တို့မှ တစ်ဆင့် နောင်တာလောရေလယ်ကျွန်း အပန်းဖြေကမ်းခြေငယ်စခန်းသို့ ဒီဇင်ဘာ ၂၅ ရက်က လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည်။           အဆိုပါ စက်လှေဆိပ်များမှ တစ်ဆင့် နောင်တာလောရေလယ်ကျွန်းကမ်းခြေငယ် အပန်းဖြေ စခန်းသို့ မိသားစုလိုက်၊ သူငယ်ချင်းအုပ်စုများဖြင့် အပန်းဖြေစခန်းရှိ အလှဓာတ်ပုံရိုက်ရန်နေရာများ တွင် ဓာတ်ပုံရိုက်ခြင်း၊ အပျော်စီး (၄)ဘီးဆိုင်ကယ်စီးနှင်းသူများ၊ သဲသောင်ပြင်ဘောလီဘောနှင့် ဘောလုံးကန်သူများ၊ ဧရာဝတီမြစ်အတွင်း အမြန်စီးရေယာဉ်စီးနှင်းသူများ၊ ကမ်းခြေအပန်းဖြေ တဲများနှင့် ရိုးရာစားသောက်ဆိုင်များတွင် လူအများဖြင့် စည်ကားလျက်ရှိသည်။           နောင်တာလော ကမ်းခြေငယ်အပန်းဖြေစခန်း စီမံအုပ်ချုပ်ရေးဆပ်ကော်မတီ တာဝန်ရှိသူ တစ်ဦးက ယနေ့သည် ခရစ္စမတ်နေ့ဖြစ်သကဲ့ ရုံးပိတ်ဖြစ်လည်းသည့်အတွက် လာရောက်အပန်းဖြေ သူများမှာ ယခင်ရုံး ပိတ်ရက်ထက်…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့ မိသားစုများ၏ ခရစ္စမတ်ပွဲတော်နှင့် ဝတ်ပြုဆုတောင်းပွဲ ကျင်းပပြုလုပ်

မြစ်ကြီးနား     ဒီဇင်ဘာ ၂၆           ခရစ်ယာန်ဘာသာဝင်များ၏ ခရစ်တော်မွေးနေ့ အချိန်အခါဖြစ်သည့် ဒီဇင်ဘာလတွင် ကချင် ပြည်နယ်အတွင်းရှိ ခရစ်ယာန်ဘာသာဝင်များအနေဖြင့် ဘုရားကျောင်းများ၌ ခရစ်တော်မွေးနေ့ အထိမ်းအမှတ် ဆုတောင်းပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်ရာ  ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လည်း ပြည်နယ်အစိုးရအဖွဲ့ မိသားစုများ၏ ခရစ္စမတ်ပွဲတော်နှင့် ဝတ်ပြုဆုတောင်းပွဲကို ဒီဇင်ဘာ ၂၆ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းရှေ့ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ခရစ္စမတ်ပွဲတော် လာရောက်သူများအား ပြည်နယ်အစိုးရအဖွဲ့မှ ခရစ္စမတ်လက် ဆောင်များ ဝေငှပေးအပ်ခဲ့ကြပြီး၊ သံစုံတီးဝိုင်း၊ အကအဖွဲ့တို့ဖြင့် ကြိုဆိုနှုတ်ဆက်ခဲ့ကြကာ ခရစ္စမတ်ပွဲတော်အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ခရစ္စမတ်၏ အနှစ်သာရ အနေဖြင့် လူသားတိုင်းအပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မျှဝေပြသပေးရန် ယေရှုခရစ်တော် ကိုယ်တိုင် လူ့ဇာတိကို…

Read More