ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ မြစ်ကြီးနားမြို့၌ ဒီဇင်ဘာအားကစားလ ပဉ္ဇမအပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲဆင်နွှဲ

 ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ မြစ်ကြီးနားမြို့၌ ဒီဇင်ဘာအားကစားလ ပဉ္ဇမအပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲဆင်နွှဲ

မြစ်ကြီးနား     ဒီဇင်ဘာ ၃၁

          ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှု အဖြစ် စတုတ္ထအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၃၁ ရက် နံနက် ၆ နာရီက မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တစ်ပျော် တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

          ရှေးဦးစွာ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ပြည်နယ်ပြည်သူ့အားကစားကွင်းရှေ့စုရပ်မှ စတင် တာလွှတ်ရာ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့် ဇနီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့် ဇနီး၊ တာဝန်ရှိသူများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်း သား/ ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ အား/ကာတိုက်တန်းလမ်းမှ ရုံးကြီးလမ်း တစ်လျှောက်၊ထိုမှတစ်ဆင့် သခင်နက်ဖေလမ်းအတိုင်း ပြည်သူ့အားကစားကွင်းအတွင်းသို့ ဝင်ရောက် ကာ တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

          ထို့နောက် ပြည်သူ့အားကစားကွင်းအတွင်း ကိုယ်လက်ကြံ့ခိုင်ရေး အတွဲအမှတ် (၁)နှင့် (၂) လေ့ကျင့်ခန်းနှင့် Fitness Dance အကတို့ဖြင့် စုပေါင်းလေ့ကျင်ခဲ့ကြကာ အားကစားကွင်းအတွင်း လမ်းလျှောက်ပွဲတက်ရောက်လာသူများအတွက် အိမ်အသုံးအဆောင်ပစ္စည်းများကို ကံစမ်းမဲနှိုက်၍ ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။