ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေသတွင်း တိုင်းရင်းသားလူငယ်များအတွက် တိုင်းရင်းသားရေးရာဝန်ကြီးဌာနက စီစဉ်ဖွင့်လှစ်ပေးသော အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ၊ ဗန်းမော်ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဗန်းမော်ခရိုင်အတွင်းရှိဝန်ထမ်းများအတွက် ဖွင့်လှစ်ပေးသည့် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲနှင့် ဥပဒေရေးရာဝန်ကြီးဌာန (၄) နှစ်ပြည့်နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်
မြစ်ကြီးနား သြဂုတ် ၂၉ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနကပံ့ပိုးမှုဖြင့် တိုင်းရင်းသာအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ဒေသတွင်းတိုင်းရင်းသားလူငယ်များအတွက် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါ သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သင်တန်းသူများအနေဖြင့် သင်တန်းမှ သင်ယူရရှိခဲ့သော အသိပညာ၊ အတတ်ပညာများအား မိမိတို့ရပ်ရွာဒေသများသို့ ပြန်လည်ရောက်ရှိသည့်အခါတွင်လည်း အသက် မွေးဝမ်းကျောင်းမှုဆိုင်ရာပညာရပ်အဖြစ် ပြန်လည်အသုံးချကာ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ထိုမှတဆင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအဖြစ် တိုးမြင့်လုပ်ကိုင်လာနိုင်မှာဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း ဒေသတွင်းမှီတင်းနေထိုင် လျက်ရှိသော တိုင်းရင်းသားများ၏ အခွင့်အရေးနှင့်၊ အကျိုးစီးပွားကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်အောင် အစဥ်တစိုက်ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။ ဆက်လက်ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က…