ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေသတွင်းတိုင်းရင်းသားလူငယ်များအတွက် တိုင်းရင်းသားရေးရာဝန်ကြီးဌာနက စီစဉ်ဖွင့်လှစ်ပေးသော အခြေခံစက်ချုပ်သင်တန်းအား တက်ရောက်ဖွင့်လှစ်ပေး၊ နမ္မတီးမြို့ရှိ ယာယီတိမ်းရှောင်ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
မြစ်ကြီးနား သြဂုတ် ၁၃ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနကပံ့ပိုးမှုဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ဒေသတွင်းတိုင်းရင်းသားလူငယ်များအတွက် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ် သည်။ အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်းကိုရေးဆွဲ၍ မူဝါဒများချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်အပြင် တတ်နိုင်သည့် ရင်းနှီးမြှပ်နှံမှုပမာဏငွေဖြင့် အသေးစားလုပ်ငန်းများလုပ်ကိုင်နိုင်ရေး၊ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ လေ့ကျင့်သင်ကြားရေးလုပ်ငန်းများတွင် အမျိုးသမီးများ ယခင်ကထက်ပိုမိုပါဝင်လာနိုင်ရေးနှင့် အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိပြီး သင်ကြားတတ်မြောက်ထားသည့် အသက်မွေးဝမ်းကြောင်းမှုဆိုင်ရာ အသိပညာ၊ အတတ်ပညာကျွမ်းကျင်မှုများဖြင့် အလုပ်အကိုင်ရရှိပြီး တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများမှ တစ်ဆင့် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လာနိုင်ရေးအတွက် ယခုလိုအခြေခံစက်ချုပ်သင်တန်းကို ဝိုင်းဝန်းပူးပေါင်းဖွင့်လှစ်ပေးခြင်းပင်ဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၏ အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီးဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်…