မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ကူး ဗလမင်းထင်အမှတ် (၂)တံတား တည်ဆောက်ရန် အကြိုအင်ဂျင်နီယာလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိ
ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့အား ဆက်သွယ်ထားသော ဧရာဝတီ မြစ်ကူး ဗလမင်းထင်တံတားအမှတ် (၂) တည်ဆောက်ရန်အတွက် ယခုနှစ်တွင် အကြိုအင်ဂျင်နီယာ လုပ်ငန်းများစတင် ဆောင်ရွက်လျက်ရှိကြောင်း တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့ (၁) ဒုတိယညွှန်ကြားရေးမှူးရုံး၊ တံတားအထူးအဖွဲ့(၁)ထံမှ သိရသည်။ ဗလမင်းထင်အမှတ် (၂) တံတား အကြိုအင်ဂျင်နီယာလုပ်ငန်းများနှင့် ပတ်သက်ပြီး တံတားအထူး အဖွဲ့(၁) ဒုတိယညွှန်ကြားရေးမှူး ဦးစောဇာနည်လှက ရန်ပုံငွေရရှိမှုမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေကျပ်သန်း (၁၀၀၀) ခွဲဝေချထားပေးခဲ့ပြီး ယခုနှစ်အတွက် ပင်မ တံတားရေလယ်တိုင် စမ်းသပ်ခြင်းလုပ်ငန်း၊ လမ်းပုံထုတ်တိုင်းတာခြင်း၊ မြစ်ရေစီးကြောင်းတိုင်းတာခြင်း လုပ်ငန်းများနှင့် မြေယာလျော်ကြေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောပြသည်။ လက်ရှိအသုံးပြုနေသော ဗလမင်းထင်တံတားကိုလည်း တံတားကြံ့ခိုင်မှုအားနည်းလာသဖြင့် တံတားသစ်ပြီးစီးပါက တံတားဟောင်းဘောင်ကို မြှောက်တင်ပြီး အကြီးစားပြင်ဆင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် အသွားလမ်း၊ အပြန်လမ်းအဖြစ်…