ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ဗလမင်းထင်တံတားအောက် သဲသောင်တူးလုပ်ငန်းအား ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး၊ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စနစ်တကျ တူးဖော်နိုင်ရေး ကွင်းဆင်းစစ်ဆေး၊ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာ ဟောပြောပွဲနှင့် မီးငြှိမ်းသတ်မှုသရုပ်ပြသခြင်း အခမ်းအနားတက်ရောက်၊ ဗန်းမော်မြို့နယ်အတွင်းမှ ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် တွေ့ဆုံအားပေးထောက်ပံ့
မြစ်ကြီးနား ဖေဖော်ဝါရီ ၅ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သည် နှစ်စဉ်မိုးရာသီတွင် ရေကြီးရေလျှံမှုဖြစ်ပွားမှုဒဏ်ကို ခံရလေ့ရှိသဖြင့် မြို့ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး အဓိက လုပ်ငန်းစီမံကိန်းများအနက် ရေလမ်းကြောင်းကောင်းမွန်ရေးအတွက် မြစ်ကြောင်းရှင်းလင်းရေးလုပ်ငန်း စီမံကိန်းကို ဗလမင်းထင်တံတား အောက်ရှိသဲသောင်တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဖေဖော်ရီ ၃ ရက် ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ သောင်တူးခြင်းလုပ်ငန်းဆောင်ရွက်နေသည့် တာဝန်ရှိသူများ နှင့်တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မြို့ရေကြီးနစ်မြှုပ်မှုမှ ကာကွယ်နိုင်ရေးအတွက် ပညာရှင်များနှင့်ဆွေးနွေးပြီး နိုင်ငံတော်၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်သည့် လုပ်ငန်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဌာနမှသတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊ ဒီဇိုင်းပုံစံအတိုင်း ပြည့်မီအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်ရာတွင်လည်း ပတ်ဝန်းကျင်လူထု ထိခိုက်မှုမရှိစေရေး၊ အထူးသဖြင့်…