ပင်မစာမျက်နှာ

ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး အောင်နန်းရပ်ကွက်နှင့် ရမ်ပူရပ်ကွက်အတွင်းရှိ ဗန်းမော်မြို့နယ်အတွင်းမှ ယာယီတိမ်းရှောင်နေထိုင်လျက်ရှိသော အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ သွားရောက်ထောက်ပံ့

မြစ်ကြီးနား     နိုဝင်ဘာ ၁၉           ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်နှင့် ရမ်ပူရပ်ကွက်များအတွင်း ဗန်းမော်မြို့နယ်အတွင်းမှ ယာယီတိမ်းရှောင်နေထိုင်လျက်ရှိကြသော အိမ်ထောင်စုများအား ရင်းရင်းနှီးနှီးသွားရောက် တွေ့ဆုံအားပေးပြီး အခြေခံစားသောက်ကုန်များကို သွားရောက်ထောက်ပံ့ပေးအပ်သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် ဗန်းမော်ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောင်နန်းရပ်ကွက် အီဒါကွင်းအတွင်းရှိ ယာယီခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စု (၉၀)တို့အား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဆောင်းရာသီရောက်ရှိပြီဖြစ်သည့်အတွက် ကျန်းမာရေးအထူးဂရုစိုက်ကြရန်၊ မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ခြုံစောင်များကို မိသားစုအလိုက် တတ်နိုင်သလောက်ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် မိသားစုများ အဆင်ပြေစွာ နေထိုင်စားသောက်နိုင်ရေးအတွက် အတတ်နိုင်ဆုံး စဉ်ဆက်မပြတ်ထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အားပေးပြောကြားသည်။           ထို့နောက် ပြည်နယ်ဝန်ကြီးက ဗန်းမော်မြို့နယ်အတွင်းမှ ယာယီတိမ်းရှောင်နေထိုင်လျက်ရှိသော အိမ်ထောင်စု (၉၀)တို့အတွက် ဆန်(၆)ပြည်ပါအိတ်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာအတွင်း ယာယီတိမ်းရှောင်စခန်း (၁၉)ခုမှ အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များနှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေး

မြစ်ကြီးနား နိုဝင်ဘာ ၁၈           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာပြည်သူများ ယာယီနေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ မွန်းလွဲ ၃ နာရီက ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာအုပ်စုအတွင်းရှိ ယာယီတိမ်းရှောင်စခန်း (၁၉)ခုမှ အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။           ထိုသို့တွေ့ဆုံရာတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီး၊ တာဝန်ရှိသူများက အဆိုပါ ယာယီတိမ်းရှောင်စခန်း (၁၉)မှ အိမ်ထောင်စု (၂၄၀၄)စုတို့အတွက် ဆန်အိတ် (၅၀၀)၊ ဆီပိဿာ (၅၀၀)နှင့် ကြက်ဥအလုံး (၅၀၀၀)တို့နှင့်အတူ ကျောင်းသုံးစာရေးကိရိယာအစုံ ဒါဇင်(၃၀၀)တို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ရာ စခန်းတာဝန်ခံများက စခန်းအလိုက် မိသားစုများနေအိမ်စားသောက်မှုဆိုင်ရာ လိုအပ်ချက်များ၊ ကျန်းမာရေး၊ ပညာရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍဆိုင်ရာကိစ္စရပ်များကို အသီးသီးတင်ပြကြသည်။ တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စု၏…

Read More

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား     နိုဝင်ဘာ ၁၆           လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာရုံး၌ ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။           အဆိုပါ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ ပြည်‌ထောင်စုဝန်ကြီးနှင့်အတူ ကချင်ပြည်နယ်အတွင်းရှိ ပြည်နယ်/ ခရိုင်/ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့နယ်လျှပ်စစ်မှူးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်များရှိ လျှပ်စစ်ဝန်ထမ်းများ၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက လက်ရှိဓာတ်အား လိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းပေးနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး နည်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထုတ်လုပ်ရရှိသော လျှပ်စစ်ဓာတ်အားများကိုလည်း ပြည်သူများထံသို့ ပိုမိုတိုးတက်ဖြန့် ဖြူးပေးနိုင်ရေးအတွက် ပို့လွှတ်ရေးဓာတ်အားလိုင်းများနှင့် ဖြန့်ဖြူရေးဓာတ်အားလိုင်းများ…

Read More

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ခေါင်းဆောင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ

မြစ်ကြီးနား     နိုဝင်ဘာ ၁၄           နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်နယ်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီဗဟိုအကြံပေးအဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ ကချင်ပြည် နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ များနှင့် တွေ့ဆုံခဲ့ကြသည်။           ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဗဟိုအကြံပေး အဖွဲ့ဝင်များ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအား တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များမှ ခေါင်းဆောင်များက ဂါဝရပြုမိတ်ဆက်ခဲ့ကြသည်။           ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ကချင်ပြည်နယ်ဟုဆိုသော်လည်း တိုင်းဒေသကြီး/ ပြည်နယ်များနည်းတူ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြသည်ကို  တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ရေးသည် အရေးကြီးပါကြောင်း၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားတက်ရောက်၍ အထိမ်းအမှတ်နေ့ပြိုင်ပွဲများအတွက် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်

မြစ်ကြီးနား     နိုဝင်ဘာ ၁၄ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့တွင် ကျရောက်သည့် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲ နေ့အထိမ်းအမှတ် အခမ်းအနားကို  မြစ်ကြီးနားမြို့ ဧရာရပ်ကွပ်ရှိ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း အေးမြသီတာခန်းမ၌ ယနေ့ နံနက် ၈ နာရီက ကျင်းပရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်၍ အထိမ်းအမှတ်နေ့ပြိုင်ပွဲများတွင် ဆုရ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက ဗိုလ်ရှုသဘင်အကဖြင့် ကြပြဖျော်ဖြေ ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရီသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့…

Read More

ကချင်ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ (၃၄)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ

မြစ်ကြီးနား     နိုဝင်ဘာ  ၁၃ ကချင်ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ (၃၄)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ယနေ့ နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်၊ မြို့အသင်းခွဲများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ကချင်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်းက (၃၄)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် အသင်းကြီး၏ ရှေ့လုပ်ငန်းစဉ်များအ‌ပေါ် ကချင်ပြည်နယ်အတွင်းလုပ်ငန်းစဉ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ခရိုင်၊မြို့နယ်၊မြို့အသင်းခွဲများအားလုံးက တစ်ပြေးညီ တစ်ညီတစ်ညွတ်တည်း ကြိုးပမ်းဆောင်ရွက်ကြရေး ရှင်းလင်းပြောကြားပြီး ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌဒေါ်သန္တာဝင်း က (၃၄) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးဆုံးဖြတ်ချက်များအား ထပ်ဆင့်ရှင်းလင်းတင်ပြခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ကြီးကြပ်ရေးအဖွဲ့နှင့်အတူ  ခရိုင်/ မြို့နယ်၊ မြို့အသင်းခွဲများ၏ လုပ်ငန်းများစဉ်များအပေါ်  လှုပ်ရှားဆောင်ရွက်နိုင်ခဲ့သည့် ဂုဏ်ပြုဗီဒီယိုကလစ် ဖွင့်လှစ်ပြသမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက် ပြည်နယ်ကြီးကြပ်‌ရေးအဖွဲ့ အတွင်းရေးမှူး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချူပ် မြစ်ကြီးနားမြို့ စီတာပူမနောကွင်း မဂျွယ်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ်၊ ရိုးရာကောက်သစ်စားပွဲတော်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ၊ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်အသီးသီး၌ ယာယီခိုလှုံနေထိုင် လျက်ရှိသော ဗန်းမော်ခရိုင်အတွင်းမှ ပြည်သူများအား အခြေခံစားသောက်ကုန်များထောက်ပံ့၊ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား အခမဲ့ ခွဲစိတ်ကုသပေး နေမှုအား ကြည့်ရှုအားပေး

မြစ်ကြီးနား     နိုဝင်ဘာ ၁၃           ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ ပူးပေါင်းပါဝင်သည့် ၂၀၂၅ ခုနှစ်၊ ရိုးရာကောက်သစ်စား(အင်လုံအင်နန်ရှား)ပွဲတော်ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အထင်ကရနေရာတစ်ခုဖြစ်သည့် စီတာပူမနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ရိုးရာအစဉ်အလာနှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက ပွဲတော်ကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မနောကွင်းအဝင်ပေါက်မှတစ်ဆင့် မဂျွယ်ခန်းမ၌ ကျင်းပမည့် ပွဲတော်သို့  လာရောက်ကြသည့် ဧည့်သည်တော်များအား ဘင်ခရာအတီးအမှုတ်အဖွဲ့တို့နှင့် ကချင်ရိုးရာဧည့်ကြိုတေးသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ ကြိုတင်ဆောင်ရွက်ကြမည့် အစီအစဉ်များ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာနှင့် ပန်းပွားအဖွဲ့တို့က ကြိုဆိုခေါ်ဆောင်သွားမည့် အစီအစဉ်များနှင့် မဂျွယ်ခန်းမရှေ့ ပွဲတော်မုဒ်ဦး၌ ဖဲကြိုးဖြတ်ဖွင့်လှစ်သွားမည့် အစီအစဉ်များ၊…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့ရှိ Shopping Mall ကုန်တိုက်များတွင် ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများ ခွင့်ပြုချက်ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား  နိုဝင်ဘာ  ၁၂ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည်  ပြည်နယ် ဓာတ်သတ္တု(ရွှေ) ရောင်း ဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကနဦးစိစစ်ရေးအဖွဲ့တာဝန်ရှိသူများနှင့်အတူ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ မြစ်ကြီးနားမြို့ပေါ်ရှိ Shopping Mall ကုန်တိုက်များနှင့် ရောင်း ဝယ်ရေး Centre ဧရိယာများအတွင်း ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းများအား နိုဝင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးနှင့်ပြည်နယ် ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့ဝင်များသည် JZ Centre အတွင်း၌ လက်ဝတ်ရတနာများ၊ ရွှေနှင့်ရွှေကြမ်းဖြင့်ပြုလုပ်သော အနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများအား ဌာန၏ညွှန်ကြားချက်များနှင့်အညီ ခွင့်ပြုချက်ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက ညွှန်ကြားချက်များနှင့်အညီ ရောင်းဝယ်ဖောက်ကားရေး၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါက လိုအပ်သလိုစိစစ်အရေးယူဆောင်ရွက်ခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ကြရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ အလားတူ…

Read More

ရိုးရာကောက်သစ်စားပွဲတော်နှင့် လူမျိုးပေါင်းစုံယဉ်ကျေးမှုဖလှယ်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့် မဲစာရင်းတိုက်ဆိုင် စစ်ဆေးဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးပြီး အခြေခံပညာကျောင်းပေါင်းစုံ ဗုဒ္ဓဒေသနာတော်ရွတ်ဆိုပူဇော်ပြိုင်ပွဲ အကောင်းဆုံးဆုချီးမြှင့်

ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ခေါင်းဆောင်များနှင့်တွေ့ဆုံ၍ မြစ်ကြီးနားမြို့ ၌ ကျင်းပပြုလုပ်သွားမည့် ၂၀၂၅ ခုနှစ်၊ ရိုးရာကောက်သစ်စား(အင်လုံအင်နန်ရှား)ပွဲတော်နှင့် လူမျိုးပေါင်းစုံ ယဉ်ကျေးမှုဖလှယ်ပွဲ အခမ်းအနားများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။           ထိုသို့ ကျင်းပရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ရိုးရာကောက်သစ်စားပွဲကို မနောကွင်း မဂျွယ်ခန်းမ၌လည်းကောင်း၊ လူမျိုးပေါင်းစုံယဉ်ကျေးမှုဖလှယ်ပွဲကို မြစ်ကြီးနားတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌လည်းကောင်း ရိုးရာယဉ်ကျေးမှုစုံလင်စွာဖြင့် အနှစ်သာရပြည့်ဝစွာ ကျင်းပပြုလုပ်သွားရမည်ဖြစ်သည့်အတွက် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးနှင့် လိုအပ်ချက်များမရှိစေရေး အလေးထားဆောင်ရွက်သွားကြရေး တိုက်တွန်းမှာကြားသည်။           ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ တိုင်းရင်း သားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့တာဝန်ရှိသူများက ပွဲတော်များကျင်းပနိုင်‌ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ညှိနှိုင်းပေါင်းစပ်ပေးရမည့်ကိစ္စရပ်များနှင့် အတည်ပြုဆောင်ရွက်ရမည့် အစီအမံများကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို သက်ဆိုင်ရာလုပ်ငန်းဆပ်ကော်မတီအလိုက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။          …

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ မြစ်ရေကြီးမြင့်မှုမှ ကာကွယ်နိုင်ရေး ရေထိန်းတံခါးများ တည်ဆောက်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     နိုဝင်ဘာ ၁၂           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့တော်မြစ်ကြီးနားမြို့အား ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် ရေလျှံတားတမံ၊ ကျောက်စီမြေထိန်းနံရံများ တည်ဆောက်ကာကွယ်နိုင်ရေး ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းစီမံကိန်းများ ရေးဆွဲဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နိုင်ဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ပေါ်၌ ရေထိန်းတံခါး တည်ဆောက်ရေးလုပ်ငန်းများနှင့် ကျောက်စီရေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ပမ္မတီး(ရေကြည်ရပ်ကွက်)အတွင်း မြစ်ရေမြင့်တက်လာပါက အစောဆုံးရေဝင်ရောက်လေ့ရှိသည့် ရေကြည်ချောင်းပေါက်နေရာ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသော ရေကြည်ချောင်းရေထိန်းတံခါးတည်ဆောက်ခြင်းလုပ်ငန်းစီမံကိန်းနေရာသို့ သွားရောက်ပြီး ရှင်းလင်းဆောင်၌ အကျယ်(၈)ပေ၊ အမြင့် (၈)ပေရှိ တံခါး (၇)ပေါက်ပါဝင်သည့် သံကူကွန်ကရစ်ရေထုတ်ရေထိန်းတံခါးဆိုင်ရာအချက်အလက်များနှင့် စပ်လျဉ်း၍ ပြည်နယ်ဦးစီးမှူး၏…

Read More