ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဘုန်းတော်ကြီးကျောင်းများနှင့် ခရစ်ယာန်အသင်းတော်များသို့ ဆုတောင်းမေတ္တာနှင့် ကောင်းချီးတောင်းခံခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ခရစ္စမတ်ဂါဝရပြုလက်ဆောင်များ ပေးအပ်လှူဒါန်း
မြစ်ကြီးနား ဒီဇင်ဘာ ၂၇ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မြစ်ကြီးနားမြို့ပေါ် ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ခရစ်ယာန်အသင်းတော်များသို့ ခရစ္စမတ်ပွဲတော်အထိမ်းအမှတ် ဂါဝရပြုလက်ဆောင်များကို ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီတွင် သွားရောက် ပေးအပ်လှူဒါန်း ခဲ့ကြပြီး ဆုတောင်းမေတ္တာနှင့် ကောင်းချီးတောင်းခံခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ သယံ ဇာတရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ရှမ်းစု မြောက်ရပ်ကွက်ရှိ ဝန်းသိုကျောင်းတိုက်သို့ သွားရောက်ပြီး ဝန်းသိုကျောင်းဆရာတော်အား ဖူးမျှော် ကြည်ညိုကာ သာသနာရေးဆိုင်ရာများကို မေးမြန်းလျှောက်ထားတင်ပြကြပြီး ခရစ္စမတ်အထိမ်း အမှတ် ဂါရဝပြုလက်ဆောင်ကို ဆက်ကပ်လှူဒါန်းကာ ဆုတောင်းမေတ္တာပို့သမှုကို ခံယူခဲ့ကြပြီး ခေမာသီရိရပ်ကွက်ရှိ ခေမာသီဝံကျောင်းတိုက်သို့ ဆက်လက်သွားရောက်ပြီး ကျောင်းထိုင်ဆရာ တော်အား…