ကချင်ပြည်နယ်ဝန်ကြီးချုပ် ကန်ပိုင်တည် စီးပွားရေးနယ်မြေစီမံကိန်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား မတ် ၈ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း မြန်မာ-တရုတ်နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုထိရောက်အောင်မြင်စေရေးနှင့် ရင်းနှီးမြှုပ်နှံမှုများအပေါ် ဥပဒေလုပ် ထုံးလုပ်နည်းနှင့်အညီ အကောင်အထည်ဖော်၍ စနစ်တကျစီမံဆောင်ရွက်နိုင်ရေး ကန်ပိုင်တည်စီးပွား ရေးနယ်မြေစီမံကိန်းနှင့် စပ်လျဉ်း၍ မတ် ၈ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးတွင် တာဝန်ရှိသူ များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြန်မာ-တရုတ်နယ်စပ်ကုန်စည်စီးဆင်းမှုချောမွေ့ရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုထိ ရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ခိုင်မာအား ကောင်းလာစေရေး မြန်မာ-တရုတ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင် အထည်ဖော်ရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ကံပိုင်တည်စီးပွားရေးနယ်မြေစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းဆိုင်ရာ MoA…