ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မိုးညှင်းမြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူများအား ဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကုန်ထုတ်လုပ်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး
မိုးညှင်း ဖေဖော်ဝါရီ ၁၇ ကချင်ပြည်နယ်အစိုးအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် MSME ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေးအတွက် ခရိုင် အလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၈ နာရီတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မိုးညှင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ မိုးညှင်းမြို့နယ် နန့်ပုတ်ကျေးရွာအတွင်းရှိ ဘိုးဘွားရိပ်သာနှင့် ကျောက်ကပ်ဆေးရုံ သို့သွားရောက်ပြီး ဆရာတော်ဦးစန္ဒော ဦးဆောင်၍ ကျောက်ကပ်ဆေးလူနာများအား ကျောက်ကပ် ဆေးစက်ဖြင့် ကုသပေးနေမှုအခြေအနေနှင့် လူနာလက်ခံကုသနိုင်မှုအခြေအနေများကို မေးမြန်း လျှောက်ထားတင်ပြပြီး ကျောက်ကပ်ဆေးလူနာအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးကာ ထောက်ပံ့ ငွေများကို ထောက်ပံ့ပေးအပ်ပြီး ကျောက်ကပ်ဆေးရုံအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများက အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြကာ ဆရာတော်ထံ…