ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများအတွက်ဖွင့်လှစ်သည့် Introduction to Database System သင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲသို့ တက်ရောက်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမတည်မှုဖြင့် ပြည်နယ်အတွင်း နှစ်ဖက်ချောစက္ကူထုတ်စက် တပ်ဆင်ထားရှိမှုကို ကွင်းဆင်းစစ်ဆေး
မြစ်ကြီးနား မတ် ၂၉ ကချင်ပြည်နယ်အတွင်းရှိ ရုံးဌာနများတွင် စာရင်းဇယားများ သိမ်းဆည်း၍ ရှာဖွေထုတ်ကြည့် ရာတွင် ပိုမိုရိုးရှင်းလွယ်ကူစွာ အသုံးပြုနိုင်ရေးနှင့် နိုင်ငံတော်၏ E-Government စနစ်ကို အထောက် အကူပြုနိုင်ပြီး လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဖွင့်လှစ်သည့် Introduction to Database System သင်တန်း အမှတ်စဉ် (၁)ဆင်းပွဲ အခမ်းအနားကို မတ် ၂၉ ရက် နံနက် ၁၀ နာရီက အဆိုပါရုံးရှိ မဂျွယ်ဂင်တောင် ခန်းမ၌ ကျင်းပပြုလုပ်သည်။ သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က သင်တန်းတက်ရောက်ခဲ့ကြသည့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအနေဖြင့် Database ကို phpMyAdmin Application Software တွင် အသုံးပြုခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးများကို…