ကချင်ပြည််နယ်၊ မြစ်ကြီးနားမြို့၌ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်း အနားကျင်းပ၊ ပြည်နယ်အတွင်း ရဲဗလဆုနှင့် မှုခင်းကျဆင်းရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများအပါအဝင် လုပ်ငန်းတာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြ သည့် ဆုရတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုချီးမြှင့်
မြစ်ကြီးနား အောက်တိုဘာ ၁ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့ (၅၈)နှစ် မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြလုပ်ခဲ့ကြပြီး အခမ်းအနားတွင် ပြည်နယ် အတွင်း ရဲဗလဆုရ တပ်ဖွဲ့ဝင်များနှင့် လုပ်ငန်းတာဝန်များကို စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့ကြ သောတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊ ခေတ်မီရမည် ဆိုသည့် မျှော်မှန်းချက်များနှင့်အညီ အဖွဲ့အစည်းကောင်းတစ်ခုရဲ့ အနှစ်သာရဖြစ်သည့် စိတ်ဓာတ် ကောင်းမွန်ရန်၊ စွမ်းရည်ပြည့်ဝရန် ဆိုသည်ကို တပ်ဖွဲ့ဝင်တစ်ဦးချင်းစီက စဉ်ဆက်မပြတ်…