ကချင်ပြည်နယ်ဝန်ကြီးချုပ် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့အထိမ်းအမှတ် လမ်းဘေးဝဲ/ယာများတွင် အရိပ်ရသစ်ပင်များ စုပေါင်းပါဝင်စိုက်ပျိုး
မြစ်ကြီးနား ဇွန် ၂၇ ဇွန် (၂၇) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ် ကချင် ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ဇွန် ၂၇ ရက် နံနက် ၈နာရီက မြစ်ကြီးနားမြို့ တက္ကသိုလ်ဝင်းအတွင်းရှိ မိန်းလမ်းမနှင့် မန်ခိန်-ရွှေစက်လမ်းမ၊ ဗလမင်းထင်တံတားမှ ဆွမ်ပရာဘွမ်လမ်းအထိ လမ်းဘေး ဝဲ/ယာများတွင် အရိပ်ရ အပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ရှေးဦးစွာ ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ် စိုက်ပျိုးသွားမည့် ပျိုးပင်များအား ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြား ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့က ဖြန့်ဝေပေးအပ်ကြရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး…