ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ပြည်နယ်အတွင်းရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်ဆင့် မြန်မာ-တရုတ်ကုန်စည်စီးဆင်းရာတွင် ကုန်တင်ယာဉ်များ စနစ်တကျ သယ်ယူပို့ဆောင်နိုင်ရေး ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား အောက်တိုဘာ ၈ ကချင်ပြည်နယ်အတွင်းရှိ မြန်မာ – တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် ဝိုင်းမော်မြို့ နယ်၊ ကန်ပိုက်တီနှင့် မိုးမောက်မြို့နယ် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်ဆင့် တရုတ်နိုင်ငံ သို့ ကုန်စည်များ တင်ပို့ရာတွင် စနစ်တကျညှိနှိုင်းသယ်ယူပို့ဆောင်နိုင်ရေးအတွက် မြန်မာ-တရုတ် ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၏ ညှိနှိုင်းအစည်းအဝေးကို အောက်တို ဘာ ၇ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။ ညှိနှိုင်းအစည်းအဝေးတွင် မြန်မာ-တရုတ် ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က နှစ်နိုင်ငံကုန်စည် စီးဆင်းရာတွင် အဆင်ပြေချောမွေ့စေရေး ညှိနှိုင်းဆောင်ရွက်သွားရမည့်ကိစ္စရပ်များနှင့် တစ်သျှူး ငှက်ပျောအပါအဝင် စိုက်ပျိုးရေးသီးနှံထုတ်ကုန်များ နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်ရာတွင် ကုန်တင် ယာဉ်များအား သတ်မှတ်ချက်များနှင့်အညီ စနစ်တကျဖြစ်စေရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။…