မြစ်ကြီးနားမြို့ အမှတ် (၉)အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်
မြစ်ကြီးနား စက်တင်ဘာ ၈ ၂၀၂၂ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာ ၈ ရက် နံနက် ၉ နာရီက အမှတ်(၉) အခြေခံအထက်တန်းကျောင်း ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း တက်ရောက်ပြီး စာစီစာကုံး၊ ပန်းချီ၊ ပိုစတာ၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။ အခမ်းအနားတွင် အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ လေးများက “ဝ ထ က လ ဿ” သီချင်းဖြင့် ဂုဏ်ပြုသီဆိုပြီး အခမ်းအနားကျင်းပရေးဦးစီးကော်မတီ၊ နာယက၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက အမှာစကားပြောကြားပြီး မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ၂၀၂၂ ခုနှစ်၊ နိုင်ငံတကာစာတတ် မြောက်ရေးနေ့ ယူနက်စကို ညွှန်ကြားရေးမှူးချူပ်ထံမှ…