ကချင်ပြည်နယ်ဝန်ကြီးချုပ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အားပေး
မြစ်ကြီးနား သြဂုတ် ၂၆ ကချင်ပြည်နယ် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများ အထိမ်းအမှတ် အခမ်းအနားကို သြဂုတ် ၂၆ ရက် နံနက် ၁၀ နာရီက ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလို အာဟာရဖွံ့ဖြိုးရေးရက် သတ္တပတ် လှုပ်ရှားမှုများအား သတ်မှတ်ဆောင်ရွက်ခြင်းသည် ပြည်သူလူထုကိုယ်တိုင် အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လာပြီး၊ အာဟာရဆိုင်ရာ အသိပညာဗဟုသုတများ လည်း ပိုမိုရရှိလာကာ ကလေးငယ်များနှင့် အမျိုးသမီးများ၏ ကျန်းမာရေးနှင့် အာဟာရအခြေအနေ လည်း ပိုမိုကောင်းမွန်မြင့်မားလာစေရန် အထောက်အကူပြုမှာဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတစ် နိုင်ငံဖွံ့ဖြိုးမှုအတွက် အခြေခံကျပြီးအရေးပါသည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို…