ကချင်တိုင်းရင်းသားမျိုးနွယ်စုတို့၏ ရိုးရာဓလေ့ထုံးစံများ၊ ယဉ်ကျေးမှုများ ဖော်ထုတ်ထိန်းသိမ်းနိုင်ရေး အတွက် သုတေသနလေ့လာခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား မေ ၂၉ အမျိုးသားယဉ်ကျေးမှုများ ဖော်ထုတ်ထိန်းသိမ်းနိုင်ရေးအတွက် ကချင်တိုင်းရင်းသားမျိုးနွယ်စု တို့၏ ရိုးရာဓလေ့ထုံးစံများ၊ ယဉ်ကျေးမှုများနှင့် ပတ်သက်၍ သုတေသနလေ့လာခြင်းလုပ်ငန်းဆောင် ရွက်နိုင်ရေး ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) သုတေသနအဖွဲ့နှင့် ကချင်တိုင်းရင်းသားမျိုးနွယ်စုခေါင်းဆောင်များအကြား ညှိနှိုင်းဆွေးနွေး ပွဲကို မေ ၂၈ ရက် ညနေ ၆ နာရီခွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ဆမားဒူဝါဆင်ဝါးနော် ခန်းမ၌ ကျင်းပပြုလုပ်သည်။ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့နိုင်ငံ သည် တိုင်းရင်းသားများဖြင့် စုဖွဲ့ထားသည့် ပြည်ထောင်စုသမ္မနိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ မိမိတို့ တိုင်း ရင်းသားမျိုးနွယ်စုများအနေဖြင့် ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဂီတနှင့် ဓလေ့ထုံးစံများကို စနစ်တကျ ဖော်ထုတ်ထိန်းသိမ်းနိုင်ရေးအတွက် သုတေသနအဖွဲ့နှင့် ညှိနှိုင်းပေါင်းစပ်၍ ဆောင်ရွက်သွားရန်လို ကြောင်း၊ မိမိတို့၏ ရိုးရာဓလေ့ထုံးစံများ၊ ထူးခြားထင်ရှားသည့်…