ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်ကြမည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အရာထမ်းဝန်ထမ်းများအား တွေ့ဆုံမှာကြား
မြစ်ကြီးနား ဇွန် ၇ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကချင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင် ရန် ဒေသအသီးသီးမှ ရွှေ့ပြောင်းရောက်ရှိလာကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အရာထမ်း ဝန်ထမ်းများအား ဇွန် ၇ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေး ခန်းမ၌ တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ လမ်းညွှန်မှာကြားသည်။ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ပြည်နယ်ကောင်စီအဖွဲ့ဝင်များအား ဒေသအသီးသီးမှ ပြောင်းရွှေ့လာရောက်ရှိလာကြသည့် ညွှန်ကြားရေးမှူးတစ်ဦး အပါအဝင် အရာထမ်း ဝန်ထမ်းများက ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်ရမည့် နေရာ၊ ဒေသနှင့် ဌာနခွဲများကို ဂါဝရပြု မိတ်ဆက်ကြသည်။ ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက နိုင်ငံဝန်ထမ်းများဟူသည် နိုင်ငံရေး မည်သို့ပြောင်းလဲစေကာမူ ပြောင်းလဲလာသည့်စနစ်၊မူဝါဒကိုက်ညီအောင် မိမိတို့အား ပေးအပ်လာသည့် တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ကြရန်လိုကြောင်း၊ အထူးသဖြင့်…