ပတ်ဝန်းကျင်ဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆုတွင် ဒုတိယဆုရ ဝိုင်းမော်မြို့အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ရွှေစက်ရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့မှ ထိန်းသိမ်းထားသော မြေနေရာမူလပိုင်ရှင်များထံလွှဲပြောင်းပေးအပ်ပွဲကျင်းပ
မြစ်ကြီးနား ဇွန် ၁၅ ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆုတွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှ ဒုတိယဆုရရှိခဲ့ သဖြင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့မှ ထိန်းသိမ်းထားသော မြေနေရာအား မူလပိုင်ရှင်ဖြစ် သည့် ကရိန်နော်မိသားစုထံ ပြန်လည်ပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၁၅ ရက် မွန်းလွဲ (၁)နာရီခွဲ တွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် အာဆီယံမှပေးအပ်သော ပတ်ဝန်းကျင်ဆိုင်ရာစဉ်ဆက် မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆုကို မိမိတို့ ကချင်ပြည်နယ်မှ ဝိုင်းမော်မြို့က ဒုတိယဆုရရှိခဲ့ သည့်အတွက် ဝိုင်းမော်မြို့နယ်အား ဦးဆောင်ကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ အဓိက…