ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ပဉ္စမအကြိမ် စာအောင်ဆုနှင်းသဘင်အခမ်းအနားသို့ တက်ရောက် ကြည်ညို၍ ဆုများချီးမြှင့်အပ်နှင်း
မြစ်ကြီးနား ဇန်နဝါရီ ၂၉ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်ပံ့ပိုးမှုဖြင့် ပဉ္စမအကြိမ်မြောက် စာအောင်ဆုနှင်း သဘင်အခမ်းအနားကို မြစ်ကြီးနားမြို့ သာသနာ့ဗိမာန်တော်၌ ယနေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ရာ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်ပဓာန နာယကဆရာတော် အဂ္ဂမဟာမဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် စာအောင်သံဃာတော်များ၊ သီလရှင်ဆရာကြီးများ ကြွရောက်တော်မူကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ကြသည်။ ဆက်လက်၍ထူးမခြားနားသီချင်းခန့်ဖြင့်ဂုဏ်ပြုသီဆိုကြည်ညိုပူဇော်ပြီးပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တာဝန်ရှိသူများ၊ အလှူရှင်များက ဆရာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ပြည်နယ်ဝန်ကြီးက သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြသည်။ ထို့နောက် ဆရာတော်သံဃာတော်ကြီးများအား လှူဖွယ်ပစ္စည်းများနှင့်ဝတ္တုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ချီးမြှင့်ငွေကျပ်သိန်း (၅၀)ကို ပေးအပ်လှူဒါန်းသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးက စာချတန်း…