ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းကြီးများအား ပင်စင်လစာထုတ်ပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေး၊ MSME ထုတ်ကုန်ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဒေသတွင်းတောင်သူများအကျိုးစီးပွားဖြစ်ထွန်းမှုကြောင့် ပြည်နယ်အစိုးရအဖွဲ့သို့ ဆန်စပါးတင်း (၁၀၀) လှူဒါန်းပွဲအား တက်ရောက်
မြစ်ကြီးနား ဖေဖော်ဝါရီ ၂၄ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများအား ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက Pfizer Comirnaty Omicron XBB.1.5 ထိုးနှံပေးခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁၀ နာရီ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည ယင်းသို့ ကျန်းမာရေးဝန်ထမ်းများက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုလုပ်ငန်းများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည် နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံပေးကြသည့် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင့်နိုင်နှင့် ကျန်းမာရေးဝန်ထမ်းများအား ချီးမြှင့်ငွေကျပ် ၅ သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ကြ ပါသည်။ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ကုတင်-၅၀၀ ဆံ့ပြည်သူ့ ဆေးရုံကြီးအတွင်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းကြီးများအား မြန်မာ့စီးပွားရေးဘဏ်(မြစ်ကြီးနားဘဏ်ခွဲ) မှ ပင်စင်လစာထုတ်ပေးခြင်းနှင့် ပြည်နယ်ကုသရေးဦးစီးဌာနက…