ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေဝင်ရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေး ရေလျှံတားအုတ်ရိုးစီကာခြင်း အလျား (၅၉၀၀)ပေအား အများပြည်သူပူးပေါင်းပါဝင်လှူဒါန်းမှုဖြင့် စတင်တည်ဆောက်နိုင်ရေး ပန္နက်ရိုက်တင်ပေး၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အားပေး
မြစ်ကြီးနား မတ် ၈ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ရေကာတာ၊ ရေတားတမံများ တည်ဆောက်၍ ကြိုတင်ကာကွယ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ရေလျှံတားအုတ်ရိုးစီကာခြင်း အလျား (၅၉၀၀)ပေအား အများပြည်သူ ပူးပေါင်းပါဝင်လှူဒါန်းမှုဖြင့် လုပ်ငန်းစတင်တည်ဆောက်နိုင် ရေးပန္နက်တင်မင်္ဂလာအခမ်းအနားနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်စည်ပင်သာယာရုံး ဘေး၊ ကမ်းနားလမ်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ၂၀၂၄ ခုနှစ်အတွင်း ဧရာဝတီမြစ်ရေ ကြီးမြင့်တက်ခဲ့မှုကြောင့် မြစ်ကြီးနားမြို့၏ ဧရိယာ ၄၀ ရာခိုင်နှုန်းခန့် ရေကြီးနစ်မြှုပ်ကာ စိုက်ပျိုးသီးနှံ၊ လူနေအိမ်များ၊ ဆောက်လုပ်ရေးပစ္စည်းများအပါအဝင် စားသုံးကုန်ပိုင်ဆိုင်မှုပစ္စည်းများ တန်ဖိုးအားဖြင့် ဘီလီယံပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရကာ ပြည်သူများ ရေဘေးသင့်မှုကို ကြုံတွေ့ခံစားခဲ့ရပါကြောင်း၊ မြစ်ရေမြင့်တက်မှုမှ ကာကွယ်နိုင်ရေးအတွက်…