ကချင်ပြည်နယ်ဝန်ကြီးချုပ် (၂၇)ကြိမ်မြောက် ရပ်ကွက်/ကျေးရွာပေါင်းစုံ ဗုဒ္ဓဒေသနာတော် ရွတ်ဆိုပူဇော်မှု အကောင်းဆုံးရွေးချယ်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
မြစ်ကြီးနား ဖေဖော်ဝါရီ ၂၃ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးမှူး၍ မြို့နယ်ဗုဒ္ဓဘာသာသာသနာရေးအဖွဲ့က ကြီးမှူးကျင်း ပသော (၂၇) ကြိမ်မြောက် ရပ်ကွက်/ကျေးရွာပေါင်းစုံ ဗုဒ္ဓဒေသနာတော်ရွတ်ဆိုပူဇော်မှု အကောင်းဆုံး ရွေးချယ်ပြိုင်ပွဲ ယခုလ ၁၄ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ အကောင်းဆုံးရွေးချယ်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ရှေးဦးစွာ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့ နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာများမှ ဝတ်အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ခဲ့ကြသည်။ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက ယခုလို အလွန်အကျိုးကျေးဇူးများလှသည့်…