ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဗန်းမော်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ပညာရေးကျောင်းများနှင့် ပရဟိတကျောင်းများထံ (၁၅၆)သိန်းကျော်တန်ဖိုးရှိ ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများ လှူဒါန်း
ဗန်းမော် ဇူလိုင် ၂၅ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ သီလရှင် ပညာရေးကျောင်းများနှင့် ပရဟိတကျောင်းများအတွက် ငွေကျပ်(၁၅၆)သိန်းကျော်တန်ဖိုးရှိ ကျောင်း သုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ လှူဒါန်းခြင်း အခမ်းအနားကို ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီခွဲ က ဗန်းမော်မြို့ နောင်ခိုရပ်ကွက်ရှိ တံခွန်တိုင်သီလရှင် စာသင်တိုက်၌ ကျင်းပပြုလုပ်သည်။ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို ရှေးဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဆရာတော်/ သံဃာတော်အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော် များကို နာယူခဲ့ကြသည်။ ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဇနီးသီရိသုဓမ္မသိင်္ဂီဒေါ်သွဲ့လေးအောင်၊…