ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်၊ ၂၀၂၃ ခုနှစ် ကလပ်ပေါင်းစုံ ကာယဗလနှင့်ကာယကြံ့ခိုင်မှု လူရွေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်ချီးမြှင့်အားပေး
မြစ်ကြီးနား ဇူလိုင် ၈ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် စနစ် ကျသော လူနေမှုပတ်ဝန်းကျင်ကောင်းများ ပေါ်ထွန်းလာစေရေးအတွက် အပတ်စဉ် စနေနေ့တိုင်း ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၈ ရက် နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (စီတာပူ)၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြသည်။ ထို့သို့ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေ ချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့်အတူ အခြေခံပညာအထက်တန်းကျောင်း (စီတာပူ) ကျောင်းဝင်းအတွင်း သစ်ပင်ခြုံနွယ်များ ခုတ်ယူရှင်း လင်းပေးခြင်း၊ အမှိုက်များကောက်ယူခြင်း၊ စာသင်ခုံအဟောင်းများ ကောက်ယူစွန့်ပစ်ခြင်းများကို အတူတကွ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။…