ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မိုးကောင်းမြို့နယ်အတွင်း မိုးစပါးစိုက်တောင်သူများနှင့် တွေ့ဆုံ၍ မိုးစပါးအပြင် သီးထပ်သီးနှံများစိုက်ပျိုးနိုင်ရေး ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
မြစ်ကြီးနား ဇူလိုင် ၁၆ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးချိန် တောင်သူများ၏ လိုအပ်ချက် များဖြည့်ဆည်းပေးနိုင်ရေးနှင့် မိုးစပါးအပြင် သီးထပ်သီးနှံများ စိုက်ပျိုးဆောင်ရွက်နိုင်ရေး၊ မြို့နယ် အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ပံ့ပိုးမှုဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ပြည် နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ဇူလိုင် ၁၅ ရက် နံနက် ၈ နာရီက သွားရောက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုးကောင်းမြို့နယ်၊ မြတောင်ကျေးရွာ အုပ်စုအတွင်း မြစ်ကြီးနား-မိုးကောင်းသွားလမ်းမဘေးရှိ မြတောင်ကွင်း၊ ကွင်းအမှတ် (၆၄)၌ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး မြတောင်ကွင်းရှိ တောင်သူပေါင်း (၁၀၂) ဦး၏ စိုက်ပျိုးမြေစုစုပေါင်း (၅၂၂)ဧကအတွင်း မိုးစပါး၊ ဖူးစားပြောင်း၊…