ကချင်ပြည်နယ်ဝန်ကြီးချုပ် အံတော်ရှင်တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက် သီတဂူစက္ကုဒါနဆေးရုံ၌ ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းမှ ယာယီတိမ်းရှောင်မိသားစုများအား အခမဲ့ဆေးဝါးကုသပေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး

မြစ်ကြီးနား   သြဂုတ် ၃၁          ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းက နယ်မြေလုံခြုံ‌ရေးအခြေအနေအရ နေရပ် မြို့/ကျေးရွာများကို စွန့်ခွာ၍ ယာယီထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများကို အံတော်ရှင်တောင်တန်းသာသနာပြု (ဗဟို) ကျောင်းတိုက်သီတဂူစက္ကုဒါနဆေးရုံ၌ ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ သွာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။           ထိုသို့ သွားရောက်ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည် နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် သီတဂူစက္ကုဒါနဆေးရုံ၌ ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒူဝါဒေါက်တာဘွမ်ယွမ်၊ ဆရာဝန်များနှင့်အတူ အဆိုပါအံတော်ရှင်တောင်တန်းသာသနာပြု (ဗဟို) ကျောင်းတိုက်အတွင်း လာရောက်ခိုလှုံနေထိုင်လျက်ရှိသော ယာယီတိမ်းရှောင်ပြည်သူများအား ကျန်းမာရေးစစ်ဆေးကု သပေးခြင်း၊ ဆေးဝါးများအခမဲ့ပေးခြင်းများ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။ ထို့နောက် ဆေးဝါးကုသမှုခံယူရန် လာရောက်ကြသော ပြည်သူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များက ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆောင်ရွက်မည် Pilot Project စီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း အခမ်းအနားသို့ တက်ရောက်

သြဂုတ် ၃၀   မြစ်ကြီးနား          ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့နယ်အတွင်း လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆောင်ရွက်မည့် Pilot Project စီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း အခမ်းအနားကို မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။           ထိုသို့ အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုကာလသည် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအကြိုကာလလည်းဖြစ်သည့်အတွက် မြို့နယ်အလိုက် မှုခင်းကျဆင်းရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ယခင်ထက် ပိုမိုဆောင်ရွက်ရန် လိုအပ်သောကြောင့် Pilot Project စီမံချက်ကို ပထမဦးဆုံးဆောင်ရွက်သွားမှာ ဖြစ်၍ တက်ရောက်လာသည့် ဧည့်သည်တော်များမှလည်း အောင်မြင်မှုရရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊ မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာ‌ရေး ဆောင်ရွက်ရာ တွင် လိုအပ်သောနည်းပညာနှင့်ပတ်သက်သော လုံခြုံရေးအသုံးအဆောင်ပစ္စည်းများအပြင် တပ်ဖွဲ့ဝင်များ/မိသားစုများ နေထိုင်ရန်အဆောက်အဦများ ဆောက်လုပ်ပေးခြင်း၊ ထောက်ပံ့ငွေပေးခြင်းများကို…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေသတွင်း တိုင်းရင်းသားလူငယ်များအတွက် တိုင်းရင်းသားရေးရာဝန်ကြီးဌာနက စီစဉ်ဖွင့်လှစ်ပေးသော အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ၊ ဗန်းမော်ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဗန်းမော်ခရိုင်အတွင်းရှိဝန်ထမ်းများအတွက် ဖွင့်လှစ်ပေးသည့် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲနှင့် ဥပဒေရေးရာဝန်ကြီးဌာန (၄) နှစ်ပြည့်နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား   သြဂုတ် ၂၉          ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနကပံ့ပိုးမှုဖြင့် တိုင်းရင်းသာအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ဒေသတွင်းတိုင်းရင်းသားလူငယ်များအတွက် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည်။           အဆိုပါ သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သင်တန်းသူများအနေဖြင့်  သင်တန်းမှ သင်ယူရရှိခဲ့သော အသိပညာ၊ အတတ်ပညာများအား မိမိတို့ရပ်ရွာဒေသများသို့ ပြန်လည်ရောက်ရှိသည့်အခါတွင်လည်း အသက် မွေးဝမ်းကျောင်းမှုဆိုင်ရာပညာရပ်အဖြစ် ပြန်လည်အသုံးချကာ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ထိုမှတဆင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအဖြစ် တိုးမြင့်လုပ်ကိုင်လာနိုင်မှာဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း ဒေသတွင်းမှီတင်းနေထိုင် လျက်ရှိသော တိုင်းရင်းသားများ၏ အခွင့်အရေးနှင့်၊ အကျိုးစီးပွားကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်အောင် အစဥ်တစိုက်ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။           ဆက်လက်ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က…

Read More

ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံပါဝင်သည့် တတိယအကြိမ် ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးဖလား မျိုးနွယ်စုပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား   သြဂုတ် ၂၈          ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှကြီးမှူး၍ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ဘောလုံးအားကစားဆပ်ကော်မတီတို့ ပူးပေါင်းကျင်းမည့် တတိယအကြိမ်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဖလား မျိုးနွယ်စုပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို  သြဂုတ် ၂၈ နံနက် ၁၀ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။           ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ပြည်နယ်အတွင်းရှိ တိုင်းရင်း သားမျိုးနွယ်စုများဖြစ်ကြသည့် ကချင်(၆)မျိုး၊ ရှမ်း(၅)မျိုး၊ ဗမာ(၁) မျိုးပါဝင်သည့် ဘောလုံးပြိုင်ပွဲကို မိမိတို့ တိုင်းရင်းသားအချင်းချင်း ပိုမိုချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေပြီး၊ တိုင်းရင်းသားလူငယ်များ ကျန်းမာကြံ့ခိုင်ပြီး စာပေနှင့်ယဉ်ကျေးမှုများကို မျိုးဆက်သစ်လူငယ်များ လက်ဆင့်ကမ်းထိန်းသိမ်းလာနိုင်ရေး ရည်ရွယ်ကာကျင်းပရခြင်းဖြစ်သည့်အတွက် လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြစေလိုကြောင်းနှင့် ဝန်ကြီးဌာနမှ ပံ့ပိုးဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။           ထို့နောက် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ဘောလုံးပွဲဖြစ်မြောက်ရေးအတွက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပမ္မတီးရှိ တောင်သူများအတွက် လက်ဆွဲကောက်စိုက် စက်/ မျိုးစေ့ချကိရိယာများနှင့် သွင်းအားစုများထောက်ပံ့ပေးအပ်၊ ကောက်စိုက်စက်များဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူအသိပညာပေးကွင်းသရုပ်ပြသမှုအား ကြည့်ရှုအားပေး

မြစ်ကြီးနား   သြဂုတ် ၂၈          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းမိုးစပါးစိုက်ပျိုးမှု တိုးတက်မြင့်မားလာစေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် (၈)နာရီက မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်၊ ပမ္မတီးအနောက်မြောက်ကွင်းအတွင်းရှိ တောင်သူ ဦးချစ်ဆွေ၏ လယ်၌ မိုးစပါးစိုက် တောင်သူများနှင့်တွေ့ဆုံသည်။           ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းစပါးစိုက်ပျိုးထုတ်လုပ်ရာတွင် ပြောင်းလဲလာသည့် ရာသီဥတုနှင့် လိုက်လျောညီသည့် ခေတ်မီနည်းစနစ်များကိုအသုံးပြုပြီး စိုက်ပျိုးထုတ်လုပ်နိုင်ရန် လိုအပ်ပြီဖြစ်ပါကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်းစနစ်များ စနစ်တကျမှန်ကန်စွာပေါင်းစပ်ပြီး ပန်းတိုင်အထွက်နှုန်းရရှိအောင် ‌ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခင်နှစ်က ပြည်နယ်အတွင်း စပါးစိုက်ဧက စုစုပေါင်း (၄၇၄၄၇၇)ဧက ရှိသည့်အနက် ကြဲပက်စိုက်ပျိုးခြင်းအနေဖြင့် (၁၇၉၄၁၆) ဧကရှိကြောင်း စာရင်းများအရသိရှိရပြီး ကြဲပက်စိုက်ပျိုးခြင်းသည် မျိုးစေ့ကုန်ကျမှုများခြင်း၊ အစိတ်အကျဲ မညီညာသည့်အတွက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ကာယအလှမယ်ပြိုင်ပွဲ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တင်းနစ်အားကစားပြိုင်ပွဲယှဉ်ပြိုင်မည့် ပြည်နယ်လက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံနှင့်ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်

မြစ်ကြီးနား   သြဂုတ် ၂၇          ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံကာယအလှမယ်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်း၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။ ရှေးဦးစွာ တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများက အခမ်းအနားကို မြကျွန်းညိုညို တေးသီချင်းသရုပ်ဖော်အကအလှတို့ဖြင့်သီဆိုဖျော်ဖြေဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ၂၁ ရာစုတွင် ကျောင်းသား/ ကျောင်း သူများအား စာသင်ကြားရေးအပြင် အားကစားပြိုင်ပွဲများ၊ အသိပညာပေးဟောပြောပွဲများ၊ ပြိုင်ပွဲများပြုလုပ်ကျင်းပခြင်းဖြင့် လူငယ်များ၏ အနာဂတ်အတွက် ဘက်ပေါင်းစုံမှဝမ်းစာဖြည့်ပေးနေခြင်းပင်ဖြစ်ပါကြောင်း၊ ယနေ့ ပြိုင်ပွဲဝင်များ ကို နိုင်ငံတကာအဆင့်ထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ပြည်နယ်အားကာဌာနနှင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ငွေပျော်စံပြကျေးရွာရှိ အိမ်ထောင်စုများ မွေးမြူရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် စတုတ္ထအကြိမ်မြောက် အိမ်မွေးတိရစ္ဆာန်များ ထောက်ပံ့ပေးအပ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစစ်ဆေး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဗီဒီယိုအခြေခံအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား   သြဂုတ် ၂၆          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ပလနကျေးရွာအုပ်စုအတွင်း ဒေသတွင်းနေရပ်စွန့်ခွာပြည်သူများအား ပြန်လည်ထူထောင်‌ရေးနှင့် နေရာချထားပေးခဲ့သည့် ငွေပျော်စံပြကျေးရွာရှိ ပြည်သူများ သက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်သည့် မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် မွေးမြူရေးတိရစ္ဆာန်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၉ နာရီက အဆိုပါ ကျေးရွာခန်းမ၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျေးရွာခန်းမ၌ ကျေးရွာအတွင်းရှိ အိမ်ထောင်စုများနှင့် သွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်သည့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ယခုအကြိမ်ဆိုလျှင် မွေးမြူ‌ရေးတိရစ္ဆာန်များကို စတုတ္ထအကြိမ်ထောက်ပံ့ပေးအပ်ခြင်းပင်ဖြစ်ပါကြောင်း၊ သို့မှသာ နေရပ်စွန့်ခွာပြောင်းရွေ့နေထိုင်သော အိမ်ထောင်စုများအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခက်အခဲများ တစ်ဖက်တစ်လှမ်းက ဖြေရှင်းနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် မွေးမြူရေးလုပ်ငန်းကို တစ်ပိုင်တစ်နိုင်စီးပွားရေးအဖြစ်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း သား/ငါးစားသုံးမှုဖူလုံစေရေး ကြက်နှင့် ဝက်မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား   သြဂုတ် ၂၅          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေး၊ သား/ငါး စားသုံးမှုဖူလုံစေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် ပုဂ္ဂလိကပိုင် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့မွေးမြူနိုင်‌ရေး ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နန်းကွေ့ ကျေးရွာအတွင်းရှိ မွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နန်းကွေ့ကျေးရွာ၊ နယ်မြေ (၄) အတွင်းရှိ ပိုင်ရှင်ဦးအောင်သူလင်း၏ အသားတိုးကြက်မွေးမြူရေးခြံသို့ သွားရောက်ခဲ့ကြပြီး ကြက်ခြံ (၂) အတွင်း အသားတိုးကြက်သားပေါက်နှင့် ကြက်ကြီးကောင်ရေ (၃၅၀၀)ကျော်အား စနစ်တကျမွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ ဒေသတွင်းပြန်လည်ဖြန့်ဖြူးရောင်းချနိုင်မှု အခြေအနေများနှင့် ကြက်သားပေါက်နှင့် ကြက်စာဝယ်ယူရရှိနိုင်ရေး၊ လွယ်ကူမြန်ဆန်စွာ သယ်ယူရရှိရေးတို့အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီပေးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်းက ကြီးမှူးကျင်းပသော (၁၄) ကြိမ်မြောက် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုအောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား ပညာသင်စရိတ် ထောက်ပံ့ချီးမြှင့်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား   သြဂုတ် ၂၄          ကချင်ပြည်နယ် ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်းက ကြီးမှူး၍ (၁၄) ကြိမ်မြောက် အသင်းဝင်များ၏ သားသမီးများအနက် ၂၀၂၅  ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့ကြသော ကျောင်းသား/ ကျောင်းသူများအား ပညာသင်စရိတ် ထောက်ပံ့ချီးမြှင့်ခြင်းအခမ်းအနားကို မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်အတွင်းရှိ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်းရုံး၌ ကျင်းပပြုလုပ်သည်။           အဆိုပါ ချီးမြှင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းနှင့် ဇနီး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျောမင်းခိုင်နှင့်ဇနီးတို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အနေဖြင့် တိုင်းရင်းသားအားလုံး ချစ်ခင်ရင်းနှီးစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားစာပေယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားဆိုင်ရာ အခွင့်အရေးများနှင့် ကာကွယ်စောင့်ရှောက်ရေးအတွက် ဥပဒေနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့ ရခိုင်တိုင်းရင်းသားများအနေဖြင့် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်နေကြသည်ကို တွေ့ရှိရပါကြောင်း၊ ထို့အပြင်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ်ရှိ ယာယီတိမ်းရှောင်စခန်းနေ အိမ်ထောင်စုများနှင့် ဗန်းမော်ခရိုင်မှ ပညာရေးဝန်ထမ်းများအား ဆန်နှင့်အခြေခံစားသောက်ကုန်များထောက်ပံ့

မြစ်ကြီးနား   သြဂုတ် ၂၃          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့ပေါ်ရှိ ယာယီတိမ်းရှောင်ပြည်သူများ မိုးတွင်းကာလ နေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက် စီစဉ်ထောက်ပံ့ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ သြဂုတ် ၂၃ ရက် နံနက် ၉ နာရီ က မြစ်ကြီးနားမြို့ပေါ်ရှိ ယာယီတိမ်းရှောင်စခန်းနှင့် ဗန်းမော်ခရိုင်မှ ပညာရေးဝန်ထမ်းများအား ဆန်နှင့် အခြေခံစားသောက်ကုန်များကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်အတွင်း ဦးလာမြာတားပိုင် ခြံကွက်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ယာယီတိမ်းရှောင်နေထိုင်လျက်ရှိသော ဝိုင်းမော်မြို့နယ်အတွင်းမှ အိမ်ထောင်စုများအား ရွှေစက်နှစ်ခြင်းခရစ်ယာန်အသင်းတော်ဘုရားကျောင်း၌ သွားရောက်တွေ့ဆုံသည်။           ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း နယ်မြေလုံခြုံရေးအခြေအနေအရ နေရပ်ကျေးရွာများကို စွန့်ခွာ၍ ယာယီတိမ်းရှောင်လာသော မိသားစုများအား မိုးတွင်းကာလအတွင်း…

Read More