ကချင်ပြည်နယ်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း (Clean and Green School) ကျောင်းဆု အစီအစဉ်အကောင်အထည်ဖော်နိုင်ရေး အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့်မူလတန်းအဆင့် အတွက် ခရိုင်အလိုက် ကျောင်း(၈)ကျောင်းရွေးချယ်သတ်မှတ်
မြစ်ကြီးနား စက်တင်ဘာ ၉ ကချင်ပြည်နယ်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု အစီအစဉ် အကောင် အထည်ဖော်နိုင်ရေးအတွက် ပြည်နယ်အတွင်းရှိ ခရိုင် (၃)ခရိုင်မှ အခြေခံပညာကျောင်းများအလိုက် အထက်တန်းအဆင့် ကျောင်း (၃)ကျောင်း၊ အလယ်တန်းအဆင့်ကျောင်း (၃) ကျောင်းနှင့် မူလတန်းအဆင့်အတွက် ကျောင်း (၂)ကျောင်းကို ရွေးချယ်အတည်ပြုပေးနိုင်ခဲ့ကြောင်း ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။ အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုကချင်ပြည်နယ်သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းများဖော်ဆောင်ရေး စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က အနာဂတ်နိုင်ငံတော်၏ တာဝန်များကို ဆက်လက်တာဝန်ယူကြမည့် လူငယ်မားတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ၊ ဗဟုသုတများကို ပြည့်စုံစေရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင်လုပ်ကိုင်လို စိတ်များရှင်သန်နိုးကြားလာစေရေး သန့်ရှင်း၍…