ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဗန်းမော်ခရိုင်အတွင်းရှိ ဝန်ထမ်းများအတွက် ဖွင့်လှစ်ပေးသည့် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲသို့ တက်ရောက်
မြစ်ကြီးနား သြဂုတ် ၂၂ ဗန်းမော်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် မြစ်ကြီးနားမြို့ရှိ ပြည်နယ်ရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိသောဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ စုပေါင်းရုံး မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက် အမှာစကားပြောကြားသည်။ ထိုသို့ အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄) ရပ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များအောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ရေးဟုဖော်ပြပါရှိသည့်အတွက် မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ လုပ်ငန်းစဉ်ပါလိုအပ်သည်များကို ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့ သင်တန်းတွင် မဲဆန္ဒရှင်ပြည်သူများ လွယ်ကူစွာမဲပေးနိုင်ရေးနှင့် မဲပေးစက်ကိုင်တွယ်မည့်သူများစနစ်တကျကိုင်တွယ်နိုင်ရေးသည် အဓိကကျသည့် အပိုင်းဖြစ်သည့်အတွက် သိရှိနားလည်အောင်၊ ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုတတ်အောင် ကြိုးစားလေ့လာမှတ်သားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။ ထို့နောက်…