(၆၁)နှစ်မြောက် မြန်မာနိုင်းငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  မြစ်ကြီးနားမြို့ အမှတ်(၁) တပ်‌မတော်ဆေးရုံ (ကုတင်-၃၀၀)၌ စုပေါင်းသွေးလှူဒါန်း

မြစ်ကြီးနား    စက်တင်ဘာ   ၂၆          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင်-၃၀၀)၌ စုပေါင်းသွေးလှူဒါန်းပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။           အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲသို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ‌ဒေါ်အေးအေးမော်၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ‌ဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့်၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ကြပြီး ဆေးကုသဆောင်အတွင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးဆွေ ဦးဆောင်သည့် ပြည်နယ်/ခရိုင်/မြို့နယ်အရာရှိ / အရာခံ/ အကြပ် ရဲတပ်ဖွဲ့ဝင် (၆၂)ဦးတို့အား…

Read More

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား အီလက်ထရောနစ် မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းတို့အား ကြည့်ရှုအားပေး

ဝိုင်းမော်       စက်တင်ဘာ ၂၅ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား အီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဝိုင်းမော်မြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ တေဇခန်းမ၌ ပြုလုပ်ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့ တက်ရောက်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားတွင် မြစ်ကြီးနားခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးကျော်စိုးအောင်က အီလက်ထရောနစ်မဲပေးစက်နှင့်ပတ်သက်သည့် သိသင့်သိထိုက်သည့် အချက်အလက်များနှင့် မဲပေးရမည့် နည်းလမ်းများကို အသိပညာပေး ရှင်းလင်းဆွေးနွေးမှုကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ခွဲ ဝန်ထမ်းများ၏ ကူညီလမ်းညွှန်မှုဖြင့် တက်ရောက်လာအသက် (၁၈) ပြည့်ပြီးသူ ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံမဲဆန္ဒရှင်ပြည်သူများက အီလက်ထရောနစ် ‌မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်‌မဲပေးခြင်းများ ဆောင်ရွက်ခြင်းတို့ကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်နှင့် တာဝန်ရှိသူများက အခမ်းအနားတက်ရောက်လာသူများအား…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မန္တလေးမြို့ရှိ ဗန်းမော်ခရိုင်မှ နေရပ်စွန့်ခွာတိမ်းရှောင်နေထိုင်လျက်ရှိသော ဝန်ထမ်းများနှင့်ပြည်သူများအား ထောက်ပံ့ပေးအပ်

မန္တလေး       စက်တင်ဘာ ၂၄ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းရှိ မြို့နယ်များမှ နေရပ်စွန့်ခွာတိမ်းရှောင်၍ မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ ၌ ယာယီခိုလှုံနေထိုင်လျက်ရှိသော ဝန်ထမ်းများနှင့် ပြည်သူများအား ကချင်ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၄ရက် နေ့ နံနက် ၈နာရီခွဲက ချမ်း‌အေးသာစံမြို့နယ်၊ ဆူးဖြူ‌ကျောင်းတိုက်၊ ဉာဏဝေပုလ္လဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။ အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး ဒေါ်နန်ဆိုင်း၊ တိုင်းရင်းသား‌ရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊‌ အောင်မြေသာစံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့် တာဝန်ရှိသူများ၊ ဗန်းမော်ခရိုင်မှ နေရပ်စွန့်ခွာဝန်ထမ်းများနှင့် နေရပ်စွန့်ခွာပြည်သူများတက်ရောက်ကြပြီး ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆူးဖြူကျောင်းဆရာတော်အား ဖူးမျှော်ကြည်ညိုကာ ဗန်းမော်မြို့၊ မင်းလှ‌ကျောင်းတိုက် ဦးအာလောက အမှူးပြုသော ဆရာတော် သံဃာတော်များအား ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်ခရိုင်မှ နေရပ်စွန့်ခွာတိမ်းရှေင်နေထိုင်လျက်ရှိသော…

Read More

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဗန်းမော်ခရိုင်၊ မံစီနှင့် မိုးမောက်မြို့နယ်များအတွက် မဲပေးစက်ကိုင်တွယ်ထိန်းချုပ်နည်းသင်တန်းဖွင့်လှစ်၊ ပထမဆုံးအကြိမ်အဖြစ် မဲစတင်ပေးကြမည့် လူငယ်များအတွက် ပညာပေးအစီအစဉ်ဆောင်ရွက်၊ မဲပေးစက်များ၊ မဲရုံသုံးပစ္စည်းများ စနစ်တကျသယ်ယူပို့ဆောင်ဖြန့်ခွဲပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား   စက်တင်ဘာ ၂၄          ကချင်ပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေးအတွက် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော်သည် စက်တင်ဘာ ၂၄ ရက် နံနက် ၉ နာရီက ဗန်းမော်ခရိုင်၊ မံစီနှင့် မိုးမောက်မြို့နယ်များအတွက် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။           အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ တာဝန်ရှိသူများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။           ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို …

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ပြည်နယ်စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ (PTSC) အဖွဲ့ဝင်များနှင့် စက်သုံးဆီများ စနစ် တကျ ဝယ်ယူဖြန့်ဖြူးနိုင်ရေး၊ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိရေး လုပ်ငန်းညှိနှိုင်းစည်းဝေးသို့ တက်ရောက်

မြစ်ကြီးနား   စက်တင်ဘာ ၁၈             ကချင်ပြည်နယ်အတွင်း စက်သုံးဆီများ ဝယ်ယူဖြန့်ဖြုးရောင်းချရာတွင် ဝယ်ယူဖြန့်ဖြူးခြင်း လုပ်ငန်းလုပ်ကိုင်သူများနှင့် ဝယ်ယူသုံးစွဲသူများကိုလည်း ဒေသတွင်းဖြစ်ပေါ်နေသော ဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်စေရေး၊ သင့်တင့်မျှတသည့် ဈေးနှုန်းသတ်မှတ်ပေးနိုင်ရေးအတွက် ပြည်နယ်စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ(PTSC)အဖွဲ့ဝင်များနှင့်ဆီလုပ်ငန်းရှင်များ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုစက်တင်ဘာလ ၁၇ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးကြသည်။               ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ (PTSC) ဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က လစဉ်စက်သုံးဆီ သယ်ယူဖြန့်ဖြူးခွင့်အတွက် ခွင့်ပြုချင်ပေးပြီး စနစ်တကျသယ်ယူနိုင်ရေး၊ အရည်အသွေးမျက်မြင်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့်အပြင် ဈေးနှုန်းများ သတ်မှတ်ရာတွင်လည်း စက်ရုံထုတ်ဈေး၊ ဝယ်ယူဈေးများအပေါ် ကုန်သွယ်ခွန်၊ အမြတ်ခွန်၊ သယ်ယူစရိတ်များအပေါ် စနစ်တကျ စိစစ်တွက်ချက်ပြီး ဝယ်ယူဖြန့်ဖြူးသူများလုပ်နိုင်ကိုင်နိုင်အောင်၊ ဝယ်ယူသုံးစွဲသူများကိုလည်း သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်အောင် သင့်တင့်မျှတသော ဈေးနှုန်းရရှိအောင် စိစစ်တွက်ချက်ပေးကြရန် လိုအပ်မည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။              …

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့ဧရိယာအတွင်း မီးရထားသံလမ်းတစ်လျှောက် ဘေးဝဲ/ယာတို့တွင် သန့်ရှင်းသပ်ယပ်ပြီး လူသွားလမ်း၊ ရေနှုတ်မြောင်း၊ အလှပန်းပင်များ စိုက်ပျိုးနိုင်ရေးနှင့် မြို့လယ်ရှိ စိမ်းမြဧရာပန်းခြံနှင့် ကလေးကစားကွင်း အဆင့်မြှင့်တင်တည်ဆောက်မည့်အခြေအနေအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား   စက်တင်ဘာ ၁၇          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့အား သန့်ရှင်းသာယာလှပပြီး စိမ်းလန်းစိုပြည်သော မြို့ပြတစ်ခုဖြစ်လာစေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၇ ရက် နံနက် ၁၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် တာဝန်ရှိသူများနှင့် မြစ်ကြီးနားမြို့ မီးရထားသံလမ်းတစ်လျှောက် ဘေး ဝဲ/ယာတို့တွင် သန့်ရှင်းသပ်ယပ်ပြီး လူသွားလမ်း၊ ရေနှုတ်မြောင်းနှင့် အလှပန်းပင်များ စိုက်ပျိုးနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးကြသည်။           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ အင်ဂျင်နီယာမှူးကြီး၊ မြန်မာ့မီးရထားတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက်ဈေးကြီးလမ်းနှင့် စည်ပင်သာယာလမ်းဆုံမှ ဧရာရုပ်ရှင်ရုံအနီး မီးရထားသံလမ်းဘေးတစ်လျှောက်ရှိ အမှိုက်စုကန်နေရာတွင် အမှိုက်နှင့်ခြုံနွယ်များ ရှင်းလင်း၍ သံလမ်း ဝဲ/ယာတို့တွင် အလှပန်းပင်များ စနစ် တကျ…

Read More

ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ကာယဗလနှင့်ကာယကြံ့ခိုင်မှု ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကချင်ပြည်နယ်ကာယဗလနှင့် ကာယကြံ့ခိုင်မှုအသင်းအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား   စက်တင်ဘာ ၁၅          ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကချင်ပြည်နယ်ကာယဗလနှင့် ကာယကြံ့ခိုင်မှုအသင်းအား ကချင်ပြည်နယ်အစိုးရအဖွဲ့က အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး ခန်းမ၌ ကျင်းပပြုလုပ်သည်။           အဆိုပါအခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ရှေးဦးစွာ ပြိုင်ပွဲဝင်ကြမည့် ပြည်နယ်ကာယဗလနှင့် ကာယကြံ့ခိုင်မှုအသင်း အုပ်ချုပ်သူ/ နည်းပြနှင့် အားကစားသမားများက ဂါရဝပြုမိတ်ဆက်ကြသည်။           ထို့နောက် ပြည်နယ်ဝန်ကြီးက အားကစားပြိုင်ပွဲများသည် လူငယ်အားကစားသမားများ၏ အားကစားစွမ်းရည်ကို ပြသနိုင်သည့် အခွင့်အရေးတစ်ရပ်ပင်ဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် ထူးချွန်သည့် စွမ်းရည်၊ လေ့ကျင့်သားပြည့်ဝမှု၊ ဇွဲလုံ့လနှင့်စိတ်ဓာတ်ခွန်အားများကို စနစ်တကျအသုံးချ၍ ပြည်နယ်လက်ရွေးစင်အဖြစ် ပြည်နယ်၏ ဂုဏ်ကို မြှင့်တင်နိုင်ရန်…

Read More

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ကြက်ခြေနီရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း ကျောင်းပေါင်းစုံသင်တန်းဆင်းပွဲကျင်းပ

မြစ်ကြီးနား   စက်တင်ဘာ ၁၃          ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ကြက်ခြေနီ ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း ကျောင်းပေါင်းစုံ သင်တန်းဆင်းပွဲနှင့် သင်တန်းမှ ဆုရရှိသူများကို ဆုများချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာ ၁၃ ရက် နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနာယက ကိုယ်စား ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက ယခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့၏ ဆောင်ပုဒ်ဖြစ်သည့် ဥတုဖောက်ပြန် သဘာဝဘေး ရန် ရှေးဦးပြုစုခြင်းဖြင့် တို့တုံ့ပြန်(First Aid and Climate Change)နှင့်အညီ သဘာဝဘေးကျရောက်လာပါက ကြက်ခြေနီ စေတနာလုပ်အားရှင်များအနေဖြင့် မိမိတို့ တတ်ကျွမ်းထားသည့် ရှေးဦးပြုစုခြင်း ပညာဖြင့်ကူညီဆောင်ရွက်ပေးသွားကြရမှာ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုရအနုပညာရှင်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားနှင့် မြန်မာ့အနာဂတ် မျက်နှာစာလူငယ် မဟာဗျူဟာဖိုရမ်(၂၀၂၅) အတွေ့အကြုံ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်

မြစ်ကြီးနား   စက်တင်ဘာ ၁၁          ၂၀၂၅ ခုနှစ်၊ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ပြိုင်ပွဲဝင် ၈၈ ဦး၊ ပြိုင်ပွဲ အမျိုးအစားပေါင်း (၂၇)မျိုးဖြင့် စက်တင်ဘာ ၉ ရက်က စတင်၍ ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိရာ စက်တင်ဘာ ၁၀ ရက် ညနေ ၄ နာရီက ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြိုင်ပွဲတွင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးစားယှဉ်ပြိုင်ခဲ့အနိုင်ရခဲ့ကြသည့် အနုပညာရှင်မောင်မယ်များကို ဂုဏ်ပြုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ဆုရရှိသည့် အနုပညာရှင် မျိုးဆက်သစ်လူငယ်မောင်မယ်များအနေဖြင့် အစွမ်းထက်လှသည့် အနုသုခုမပညာရပ်များစနစ်တကျ တတ်ကျွမ်းနားလည်ထားသူများဖြစ်ကြသည့်အတွက် မိမိတို့အနုပညာဖန်တီးနိုင်စွမ်းကိုအသုံးချပြီး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဒုတိယနေ့ အဖြစ် ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး

မြစ်ကြီးနား   စက်တင်ဘာ ၁၀          ၂၀၂၅ ခုနှစ်၊ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ပြိုင်ပွဲဝင် ၈၈ ဦး၊ ပြိုင်ပွဲအမျိုးအစားပေါင်း (၂၇)မျိုးဖြင့် စက်တင်ဘာ ၉ ရက်ကစတင်၍ ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက ပြိုင်ပွဲဒုတိယနေ့ကို ဆက်လက်ကျင်းပပြုလုပ်သည်။           အဆိုပါ ပြိုင်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင်များ၊ ဒိုင်အဖွဲ့ များက မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ပူတာအို မြို့နယ်များမှ ပြိုင်ပွဲဝင်များ၏ အခြေခံပညာအဆင့် အသက် (၁၅…

Read More