ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ငလျင်ဘေးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကချင်ပြည်နယ်မှ အစွမ်းကုန်ကူညီမှုပေးနိုင်ရေးနှင့် ဒေသတွင်း သဘာဝဘေးအန္တရာယ်များ အတွက် ကြိုတင်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား မတ် ၃၀ မြန်မာနိုင်ငံအတွင်းရှိ ငလျင်ဘေးဒဏ်သင့် ဒေသများအတွက် ကချင်ပြည်နယ်အနေဖြင့်လည်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အစွမ်းကုန်ကူညီမှုပေးနိုင်ရေးနှင့် ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ဆောင်ရွက်နိုင်ရေး ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၃၀ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ကျင်းပပြုလုပ်ရာ အစည်းအဝေးတက်ရောက်လာသူများအားလုံးက ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ခံခဲ့ရမှုအတွက် (၁)မိနစ်ခန့် ငြိမ်သက်ဆုတောင်းခဲ့ ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ မြန်မာနိုင်ငံအတွင်း ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ငလျင်ဘေးဒဏ်ကို ထိခိုက်ခံစားခဲ့ရသော ဒေသအသီးသီးမှ ပြည်သူများအား နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကို ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များလည်း ရောက်ရှိကူညီလျက်ရှိသည်ကို အားလုံးသိရှိထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့ ကချင်ပြည်နယ်အနေဖြင့်လည်း ငလျင်ဘေးဒဏ်သင့်ဒေသများရှိ မိမိတို့၏ ပြည်ထောင်စုဘွား ညီအစ်ကိုတိုင်းရင်းသားများအတွက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၁၃၈၇ ခုနှစ်၊ မြန်မာနှစ်သစ်အကြို မြစ်ကြီးနားမြို့၌ MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော် (၃)ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများ ရင်းနှီးမတည်ပေးရာတွင် လက်စွဲစာစောင်ပါ လုပ်ထုံး လုပ်နည်းနှင့်အညီဖြစ်စေရေး ညှိနှိုင်းဆွေးနွေး၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ငအိုးကျေးရွာအတွင်း ဝက်နှင့် ကြက်မွေးမြူရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား မတ် ၂၉ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာနှစ်သစ်ကို ကြိုဆိုသောအားဖြင့် ကချင်ပြည်နယ်အစိုးရ ကကြီးမှူး၍ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအတွင်း MSME ထုတ်ကုန် ပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်ကို ဧပြီ ၁ ရက်နေ့မှ စတင်၍ (၃)ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အမှာစကားပြောကြားသည်။ ထိုသို့ အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ MSME လုပ် ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဒေသတွင်း စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ၊ တန်ဖိုးမြှင့်ထုတ်ကုန် များနှင့် MSME ထုတ်ကုန်များကို ပြည်သူများ ပိုမိုသိရှိပြီး အဖိုးနှုန်းသက်သာစွာဖြင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗလမင်းထင်တံတား အောက်ဘက် ဧရာဝတီမြစ်ကြောင်းရှင်းလင်းရေးအတွက် သဲသောင်တူးဖော်ခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ နုကျန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရတို့အကြား နားလည်မှုစာချွန်လွှာ (မူကြမ်း)ပါ အချက်များနှင့်စပ်လျဉ်း၍ဆွေးနွေး၊ ကချင်မျိုးနွယ်စု(၆)မျိုး၏ တိုင်းရင်းသားဝတ်စုံ သတ်မှတ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား မတ် ၂၈ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့အား ဧရာဝတီမြစ်ရေတိုက်စားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျောက်စီရေထိန်းနံရံ၊ ရေလျှံတားနံရံများ၊ ရေထိန်းတံခါးများနှင့် မြစ်ကြောင်း ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းစီမံကိန်းများအနက် ဧရာဝတီမြစ်ကြောင်း ရှင်းလင်းရေးလုပ်ငန်းကို ပြည်နယ်အစီအစဉ်ဖြင့် လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မတ် ၂၈ ရက် နံနက်ပိုင်း က ဗလမင်းထင်တံတားအောက်ဘက်ရှိ သဲသောင်ရှင်းလင်းရေးလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရှေးဦးစွာ ဗလမင်းထင်အမှတ် (၂) တံတားတည်ဆောက်ရေးစီမံကိန်းနေရာမှ တစ်ဆင့် သဲကျောက်ကားများ ဖြတ်သန်းသွားလာမှု အခြေအနေများကို လည်းကောင်း၊ တံတားသစ်တည်ဆောက်ရေးအတွက် ရေလယ်တိုင်များ (RP-3 , RP-4, RP-5) များ တည်ဆောက်နေမှုအခြေအနေများကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် နှစ် (၈၀) ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက် ဂုဏ်ပြု၊ ဧရာဝတီမြစ်ကြောင်းရှင်းလင်းရေးလုပ်ငန်းအတွက် ဗလမင်းထင်တံတား‌အောက်ဘက် သဲသောင်တူးခြင်း လုပ်ငန်းစတင်ဆောင်ရွက်သွားမည့် အစီအစဉ်အား ကွင်းဆင်းစစ်ဆေး၊ နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေး

မြစ်ကြီးနား မတ် ၂၇ နှစ်(၈၀)ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ မတ် ၂၇ ရက် နံနက် ၇ နာရီက တိုင်းစစ်ဌာနချုပ်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ စစ်ရေးပြမှူးနှင့်စစ်ရေးပြတပ်ခွဲများက စစ်ကြောင်းပုံဖြင့် ချီတက်၍ စစ်ရေးပြအစီအစဉ်များအတိုင်း ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် တိုင်းစစ်ဌာချုပ်မှ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်နယ်များမှ တပ်ရင်း/ တပ်ဖွဲ့မှူးများ၊ အရာရှိစစ်သည်မိသားစုဝင်များ၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုကြသည်။ ဆက်လက်၍ တိုင်းမှူးက တပ်မတော်နေ့ မိန့်ခွန်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး နှင့် တာဝန်ရှိသူများက တက်ရောက်လာကြသည့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် နှစ် (၈၀)ပြည့် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ကြီးချုပ်ဖလား အမျိုးသား(၃)ယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပဖွင့်လှစ်၊ မြို့တော်အင်္ဂါရပ်နှင့်အညီ စိမ်းမြဧရာပန်းခြံအား အဆင့်မြှင့်တင်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး၊ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြစ်ကြီးနား မတ် ၂၆ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ နှစ် (၈၀)ပြည့် တပ်မတော်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ယနေ့ နံနက် ၉ နာရီက ဖွင့်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်းရှိ ငြိမ်းချမ်းသာ ယာအားကစားရပ်ဝန်းအတွင်းရှိ ပိုက်ကျော်ခြင်းအားကစားရုံ၌ ကျင်းပပြုလုပ်သည်။ အဆိုပါ ပိုက်ကျော်ခြင်းဖွင့်ပွဲ အခမ်းအနားတွင် ဘင်ခရာအဖွဲ့များနှင့် ပိုက်ကျော်ခြင်းကလပ် အသင်းပေါင်း ၁၆ သင်းတို့မှ အုပ်ချုပ်သူများနှင့် အားကစားသမားများအား ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အားကစားကဏ္ဍကို ပိုမိုအလေးထားအားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ အားကစားပြိုင်ပွဲများမှတစ်ဆင့် ကချင်ပြည်နယ်၏ အနာဂတ်ကို အကောင်းဆုံးပုံဖော်ထုဆစ်ပေးနိုင်မည့် အားကစားသမားကောင်း၊ လူငယ်လူရွယ်များပေါ်ထွက်လာအောင် ပြိုင်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပနိုင်ရေး လမ်းညွှန်ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တာဝန်ရှိသူများ အနေဖြင့်လည်း ပြည်နယ်အတွက် တန်ဖိုးရှိသောစွမ်းရည်ထက်မြက်သော အားကစားသမားလူရည် ချွန်များပေါ်ထွက်လားရေး မိမိတို့အားလုံးက အားကစားကဏ္ဍကို…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲနှင့် ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း (Dip EP) သင်တန်းအမှတ်စဉ် (၁/၂၀၂၅)သင်တန်းဖွင်ပွဲ၊ ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေး၊ စားသုံးဆီဖူလုံရေး ဆီထွက်သီးနှံ စိုက်ပျိုးရိတ်သိမ်းပြီးစီးမှုနှင့် လုပ်ငန်းတိုးတက်မှု အခြေအနေများအပေါ် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား မတ် ၂၅ တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ ဖြေဆိုကြသော ကျောင်းသား/ကျောင်းသူများအား အာဟာရများကျွေးမွေး၊ ဧရာဝတီမြစ်ကြောင်း ရှင်းလင်းရေးအတွက် သောင်တူးခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး၊ နောင်ချိန်းကျေးရွာအတွင်းရှိ ယာယီတိမ်းရှောင်မိသားစုများအတွက် ဆန်နှင့်ကြက်ဥများပေးအပ်

မြစ်ကြီးနား မတ် ၂၃ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ် ၁၇ ရက်နေ့မှစတင်ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အတွင်း၌လည်း တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနပေါင်း (၂၂)ခုဖွင့်လှစ်၍ အေးချမ်းစွာကျင်းပပြုလုပ်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့သည် မတ် ၂၂ ရက် မွန်းလွဲပိုင်းက အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာန၌ စာမေးပွဲဖြေဆိုနေသော ကျောင်းသား/ ကျောင်းသူများအား အာဟာရများကျွေးမွေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ စာသင်ဆောင်များအတွင်း စာမေးပွဲနောက်ဆုံးဘာသာရပ်ဖြစ်သော ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များ အေးချမ်းစွာဖြေဆိုနေကြသော ကျောင်းသား/ ကျောင်းသူများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကြီးကြပ်ရေးဆရာ၊ ဆရာများအား အားပေးနှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်မိခင်နှင့်ကလေးကြီး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် နှစ် (၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူထုအကျိုးပြုစုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၊ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းသားသမီးများအတွက် အင်္ဂလိပ်စာ ထက်၊ လယ်၊ မူအဆင့် သင်တန်းဖွင့်ပွဲအား တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား မတ် ၂၄ နှစ် (၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက် အောင်ဇေရန်အောင်ဘုရားပတ်ဝန်းကျင်နှင့် Welcome To Myitkyina မေခပန်းဥယျာဉ်ပတ်ဝန်းကျင်တို့တွင် လူထုအကျိုးပြုလုပ်ငန်းဖြစ်သည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယနေ့ နံနက် ၉ နာရီခွဲက စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက စည်ပင်သာယာ ရေးအဖွဲ့ အရာထမ်း/ အမှုထမ်းများစုပေါင်း၍ ပြည်ထောင်စုလမ်းမကြီးဘေး Welcome To Myitkyina ဆိုင်းဘုတ်၊ မေခပန်းဥယျာဉ်နှင့် ကြက်ပေါင်ခြံချောင်းတစ်လျှောက် အမှိုက်များကောက်ယူခြင်း၊ စက်ယန္တရားကြီးများအသုံးပြု၍ ချောင်းရိုးတစ်လျှောက် ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်းနှင့် သစ်ပင်ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း တို့ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ချောင်းရိုးတစ်လျှောက်နှင့် လမ်းဘေး မြေဧရိယာအားစနစ်တကျ ခုတ်ထွင်ရှင်းလင်း၍…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုများဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများအတွက် လုပ်ငန်းသုံးပစ္စည်းများပေးအပ်၊ မန်ခိန်ရပ်ကွက်အတွင်း ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ယာယီတိမ်းရှောင်မိသားစုများအတွက် နေအိမ်တန်းလျားများ ဆောက်လုပ်ပေးနေမှုအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား မတ် ၂၂ ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ပြည်နယ်အတွင်းရှိ ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားရေးအတွက် စီမံကိန်းလုပ်ငန်းများကို ရပ်ကွက်/ ကျေးရွာများအလိုက် ကော်မတီများဖွဲ့စည်းပြီး ‌စီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိရာ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများအတွက် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို မတ် ၂၁ ရက် မွန်းလွဲ ၁ နာရီက အဆိုပါဦးစီးဌာနရုံး လေကျင့်ပျိုးထောင်ရေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း မြို့ပြနှင့် ကျေးရွာ (၁၄)ခုတွင် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် ယခုလို စီမံကိန်းလုပ်ငန်းများကို ပူးပေါင်းပါဝင်ခြင်းအားဖြင့် ကုန်ထုတ်လုပ်မှု နည်းပညာရပ်များတတ်မြောက်ပြီး လုပ်ငန်းထူထောင်လိုသူများကို လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးမှုကြောင့် တစ်ပိုင်တစ်နိုင် အသေးစားကုန်ထုတ်လုပ်ငန်းများမှ တစ်ဆင့်အောင်မြင်သည့် လုပ်ငန်းရှင်များဖြစ်သည်အထိ ကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အဆင့်လူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆန်းစစ်ဆွေးနွေးပွဲ၊ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်၊ ဧရာဝတီမြစ်ရေကြီးမြင့်မှုမှ ကြိုတင်ကာကွယ်နိုင်ရေး အလှူငွေများပူးပေါင်းထည့်ဝင်လှူဒါန်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်

မြစ်ကြီးနား မတ် ၁၀ ကချင်ပြည်နယ်အတွင်းရှိ ပြည်သူလူထုများအတွက် တစ်နှစ်တာအတွင်း ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများအပေါ် ဆန်းစစ်ဆွေးနွေး၍ ရှေ့ဆောင်ရွက်သွားကြမည့် လုပ်ငန်းအစီအမံများ ဖြည့်စွက်သုံးသပ်နိုင်ရေးအတွက် ပြည်နယ်အဆင့် လူထုကျန်းမာရေးစောင့်‌ရှောက်မှု လုပ်ငန်းများဆန်းစစ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကြုံးဝင်မည့် ကျန်းမာရေးကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး လုပ်ငန်းများကို အဓိကအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်များနှင့်အညီ စိတ်ကောင်း၊ စေတနာထားကြိုးစားဆောင်ရွက်ကြရန်နှင့် နှီးနွယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ နှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အဓိကစိန်ခေါ်မှုများဖြစ်သည့် ဝန်ထမ်းအင်အား၊ ဆေးဝါးပစ္စည်းများ၊ လမ်းပန်းဆက် သွယ်ရေး စသည့်အခက်အခဲပေါင်းစုံကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ပူးပေါင်းဆောင်ရွက်ပေးကြသည်ကိုလည်း ကျေးဇူးအထူးတင်ရှိသကဲ့သို့…

Read More