ကချင်ပြည်နယ်ဝန်ကြီးချုပ် မော်ဖောင်းကျေးရွာအုပ်စုအတွင်း အား/ကာသိပ္ပံမြေနေရာ၊ ဌာနဆိုင်ရာ၊ အဖွဲ့အစည်းများ၏ မြေနေရာများနှင့် ကျေးရွာကွက်သစ်မြေနေရာအတွင်း မြေသားပြုပြင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး၊ မြစ်ကြီးနားမြို့ လောကမာန်အောင် ဆုတောင်း ပြည့်စေတီတော်ကြီး၌ စတုတ္ထအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့် သံဃာ့ဒါနဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြစ်ကြီးနား ဧပြီ ၂၂ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ မြေလွတ်မြေရိုင်း ဧက ၄၈၀ ပေါ်တွင် အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်း၊ ကွန်ပျူတာတက္ကသိုလ်မြေနေရာများအပါအဝင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ မြေနေရာများနှင့် ကျေးရွာကွက်သစ်မြေနေရာများကို ဖော်ထုတ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အဆိုပါ မော်ဖောင်းကျေးရွာအုပ်စု၊ ပိတောင်ပယ်ဖျက်ကွင်းအတွင်းရှိ မြေဧရိယာအတွင်း မြေနေရာကွက်သစ်များ ထုတ်ဖော်သတ်မှတ်၍ အားကစားသိပ္ပံအဝင်လမ်း၊ ကုန်တင်ယာဉ်ရပ်နားစခန်းပတ်လမ်း၊ ဌာနဆိုင်ရာမြေနေရာပတ်လမ်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဌာနဆိုင်ရာမြေနေရာများအပြင် ကျန်ရှိသည့် ကွင်း အမှတ် ၂၈၂ ၊ မြေဧက ၃၄ ဧကပေါ်တွင် ကျေးရွာကွက်သစ်မြေနေရာအတွက် မြေပြင်အခြေအနေအား စက်ယန္တရားများဖြင့် ရှင်းလင်းပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မန္တလေးမြေငလျင်ကြီးကြောင့် ငလျင်ဘေးဒဏ်သင့် ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန် ရန်ပုံငွေရရှိရေးအတွက် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲသို့ တက်ရောက်ချီးမြှင့်၊ မြစ်ကြီးနားမြို့အား ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး မြစ်ကြောင်းရှင်းလင်းရေး လုပ်ငန်းအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဧပြီ ၂၀ ယခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်လှုပ်ခဲ့မှုကြောင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးအတွက် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် Shingni Nbat (ရှိန်နီအင်ဘက်) အနုပညာပိုးသဘက် လူမှုကူညီရေးအသင်းတို့ ပူးပေါင်းကျင်းပသည့် ကချင်ပြည်နယ်လုပ်ငန်းရှင်များအသင်းနှင့် ကချင်အနုပညာရှင်အမျိုးသမီး အသင်းတို့၏ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ဧပြီ ၁၉ ရက် ညနေ ၃ နာရီခွဲက ပြည်နယ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ ချစ်ကြည်ရေးဘောလုံးပွဲကို မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးခဲ့ရသည့် ပြည်သူများအား ပြန်လည်ထူထောင်ရေးနှင့်အရေးပေါ်လိုအပ်ချက်များအတွက်ကူညီထောက်ပံ့‌ပေးနိုင်ရန် ရန်ပုံငွေရရှိရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ငလျင်ဘေးသင့်ပြည်သူများထံ အကူအညီများ အမြန်ဆုံးရောက်ရှိစေရေး ဆောင်ရွက်ပေး လျက်ရှိသည့်အပြင်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ် ရေကြီးရေလျှံမှုမှ မြစ်ကြီးနားမြို့အားကာကွယ်နိုင်ရေး ရေလျှံတားအုတ်ရိုးစီကာရံခြင်း အလျားအရှည်ပေ (၅၉၀၀) လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ရေထိန်းတမံလုပ်ငန်းများ အရှိန် အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေး၊ ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် မြစ်ကြီးနားကုတင်-၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးတို့၌ Hybrid Solar System တပ်ဆင်နိုင်ရေးတာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဧပြီ ၁၉ ကချင်ပြည်နယ်အစိုးရအဖွဲ့ မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် ကျောက်စီရေထိန်းနံရံများ၊ ရေထိန်းတံခါးများနှင့် ရေလျှံတားနံရံများကို မြစ်ကမ်းပါးတစ်လျှောက် ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းစီမံကိန်းများ ရေးဆွဲဆောင်ရွက်လျက်ရှိသည့်အပြင် မြို့နေပြည်သူများ၏ ထည့်ဝင်ငွေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက် ၈ နာရီက တာဝန်ရှိသူများနှင့်အတူ ကမ်းနားလမ်းတစ်လျှောက် လုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ မြစ်ရေကြီးမြင့်မှုမှ ကာကွယ်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့နှင့် မြို့နေပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် မတ် (၈) ရက်နေ့က ပန္နက်တင်၍ စတင်ဆောင်ရွက်လျက်ရှိသော မင်းရပ်ရပ်ကွက်၊ စည်ပင်သာယာဆိပ်ကမ်းမှ စီတာပူရပ်ကွက်၊ အင်ဂျန်းခချောင်းနေရာအထိ တည်ဆောက်ပြီး ကျောက်စီမြေထိန်းနံရံပေါ်တွင် အလျား (၅၉၀၀) ပေအား မြစ်ရေအမြင့်ဆုံးမြင့်တက်မှု ၁၄၅၀…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၁၃၈၇ ခုနှစ်၊ မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း (၁) ရက်နေ့ ဇီဝိတဒါငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲများနှင့် စုပေါင်းသွေးလှူဒါန်းပွဲများသို့ တက်ရောက်အားပေးချီးမြှင့်၊ ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အတက်နေ့အား ရိုးရာအစဉ် အလာနှင့်အညီအေးချမ်းစွာကျင်းပပြုလုပ်

မြစ်ကြီးနား ဧပြီ ၁၇ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့နှစ်သစ်ကူးနှစ်ဆန်း (၁)ရက်နေ့တွင် နှစ်စဉ်မြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်အညီ ကျင်းပမြဲဖြစ်သည့် ကုသိုလ်ကောင်းမှုပြုသည့်အခမ်းအနားများကို ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မြစ်ကြီးနားမြို့၌ ယနေ့ နံနက်ပိုင်းတွင် ဇီဝိတဒါန ငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ကန်တော့ပွဲ၊ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲ အခမ်းအနားများနှင့် စုပေါင်းသွေးလှူဒါန်းပွဲများကို ကျင်းပပြုလုပ်ခဲ့ကြသည်။ ရှေးဦးစွာ ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ ဧရာဝတီရှုခင်းသာအပန်းဖြေစခန်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့်ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည် နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တကွ ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးကြီးကြပ်‌မှုစောင့်‌ရှောက်ရေးအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ ဝတ်အသင်းအဖွဲ့များနှင့်အတူ ဧရာဝတီမြစ်အတွင်းသို့ ရွှေဝါငါးကြင်းကောင်ရေ (၂)သိန်းနှင့် ငါးခုံးမကြီးကောင်ရေ (၁) သိန်းတို့အား ဇီဝိတဒါနအဖြစ် ဆုတောင်းမေတ္တာပို့သ၍ လွှတ်ပေးခဲ့ကြသည်။…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မန်ခိန်ရပ်ကွက်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ပိုင် မြေဧရိယာအတွင်း နေရပ်စွန့်ခွာပြည်သူများနှင့် ဝန်ထမ်းများအတွက် မိုးမကျမီအမိုးအကာဖြင့်နေထိုင်နိုင်ရေး နေအိမ်များ ဆောက်လုပ်ပေးနေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဧပြီ ၁၆ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းအကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်ကျေးရွာများအား စွန့်ခွာလာခဲ့ကြသော ပြည်သူများနှင့် ဝန်ထမ်းများအတွက် မိုးမကျမီ အမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ နံနက် (၈) နာရီတွင် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံချုပ်) ပိုင် မြေဧရိယာ၌ နေအိမ်များဆောက်လုပ်ပေးနေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မန်ခိန်ရပ်ကွက်၊ နယ်မြေ (၁၁)၊ ကွင်းအမှတ် (၄) ရောရင်ကွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ပိုင် မြေဧရိယာ (၅၉ ဒဿမ ၅၆) အတွင်းရှိ (၃ ဒဿမ ၅၀) ဧကပေါ်၌ ချီဖွေမြို့နယ်မှ ဝန်ထမ်းများအား ယာယီနေအိမ်များဆောက်လုပ်၍ နေရာချထားပေးနိုင်ရေး မြေနေရာအားကွင်းဆင်းစစ်ဆေးခဲ့ကြပြီး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ထိန်ချုံးအပြည်ပြည်ဆိုင်ရာကုန်သည်ကြီးများအသင်းနှင့် လုပ်ငန်းရှင်များက ငလျင်ဘေးသင့်ဒေသများမှ ပြည်သူများအတွက် တရုတ်ယွမ်ငွေ ၄၅၁၄၇၁ တန်ဖိုးရှိ စားသောက်ကုန်လာရောက်လှူဒါန်းမှုကို လက်ခံရယူ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့က ငလျင်ဘေးဒဏ်သင့် ဒေသများမှ ပြည်သူများအတွက် တတိယအကြိမ်အဖြစ် ငွေကျပ် (၄၈၈.၂၇၃၉)သန်းလှူဒါန်း၊ ငအိုးကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စီးပွားဖြစ်ထွန်း၍ လုပ်ငန်းတိုးချဲ့ဆောင်ရွက်လျက်ရှိသော ဝက်နှင့်ကြက်မွေးမြူ ရေးခြံအား သွားရောက်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဧပြီ ၁၅ မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ထိန်ချုံးအပြည်ပြည်ဆိုင်ရာကုန်သည်များအသင်းနှင့် လုပ်ငန်းရှင်များက ကချင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ထံ တရုတ်ယွမ် (၄၅၁၄၇၁) တန်ဖိုးရှိ စားသောက်ကုန်များ မော်‌တော်ယာဉ်(၄)စီးဖြင့် ဧပြီ ၁၅ ရက် မွန်းလွဲပိုင်းက လာရောက်လှူဒါန်းခဲ့ကြသည်။ ထိုသို့ ထိန်ချုံးအပြည်ပြည်ဆိုင်ရာကုန်သည်ကြီးများအသင်းနှင့် လုပ်ငန်းရှင်များက ကံပိုင်တည်နယ်စပ်ဂိတ်မှတစ်ဆင့် မော်တော်ယာဉ် (၄)စီးဖြင့် ပေးပို့လှူဒါန်းလာသည့် စားသောက်ကုန်ပစ္စည်းများကို ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမရှေ့၌ လာရောက်ပို့ဆောင်ခဲ့ကြရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ကုန်ပစ္စည်းများအား ကူညီသယ်ယူပေးမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကချင် ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကုန်ပစ္စည်းကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆိုပါကူညီသယ်ယူပေးကြသည့် ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့သည်။ ထို့နောက် လှူဒါန်းပွဲအခမ်းအနားကို ဆမားဒူဝါဆင်ဝါး‌နော်ခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ဆွေမျိုးပေါက်ဖော် အိမ်နီးချင်းပီသစွာ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား ကြိုဆိုသောအားဖြင့် ရိုးရာအစဉ်အလာနှင့်အညီ အေးချမ်းစွာကျင်းပပြုလုပ်၊ ဧရာဝတီမြစ်ကြောင်းရှင်းလင်းရေးနှင့် ကျောက်စီမြေထိန်းနံရံတည်ဆောက်နေမှုများအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဧပြီ ၁၄ မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ၁၃၈၆ ခုနှစ်၊ ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို အေးချမ်းသောသင်္ကြန်ပွဲတော်အဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝန်ထမ်းမိသားစုများနှင့်အတူ မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ဧပြီ ၁၄ ရက် (မြန်မာ့ရိုးရာသင်္ကြန်အကျနေ့) နံနက် ၉ နာရီက မဟာသင်္ကြန်အား ကြိုဆိုသောအားဖြင့် ရိုးရာယဉ်ကျေးမှုကို ထုတ်ဖော်ပြီး အေးချမ်းစွာကျင်းပပြုလုပ်ခဲ့ကြသည်။ ရှေးဦးစွာ မဟာသင်္ကြန်ပွဲတော်သို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အတာရေသဘင်ပွဲတော်ကို နှစ်ဟောင်းမှ အညစ်အကြေးမှန်သမျှနှင့်အတူ ကိုယ်ရောစိတ်ပါ သန့်ရှင်းစင်ကြယ်စေရန် တစ်ဦးနှင့်တစ်ဦးမေတ္တာဖြင့် အပြန်အလှန်ရေစင်ပက်ဖျန်းကြသည့် ပွဲတော်ဖြစ်ပါကြောင်း၊ ထို့အပြင် မြန်မာနှစ်သစ်ကူးအခါသမယတွင်လည်း ဘုရား၊ ရုပ်ပွားတော်များကို ရေစင်သွန်းခြင်း၊ သက်ကြီးဘိုးဘွားများကို ရေချိုးသန့်စင်ပေးခြင်း၊ ဇီဝိတဒါန၊ အလှူဒါန၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်၍ မြစ်ကြီးနားလေဆိပ်ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့၊ ဆွတ်ငိုင်တောင် ယာယီခိုလှုံရာစခန်းမှ ရွေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများအား ပြောင်းရွေ့စရိတ်နှင့် အခြေခံစားသောက်ကုန်များထောက်ပံ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၁၈)နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲအား ဆုများပေးအပ်ချီးမြှင့်

မြစ်ကြီးနား ဧပြီ ၁၃ ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ မြစ်ကြီးနားလေဆိပ်ဝင်းအတွင်း သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် ဧပြီ ၁၂ ရက် နံနက် ၇ နာရီခွဲက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်းကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မြစ်ကြီးနားလေဆိပ်ဝင်းအတွင်း လေယာဉ်ပြေးလမ်းဘေး မြေဧရိယာတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် စည်ပင်သာယာရေးအဖွဲ့ အရာထမ်း/ အမှုထမ်းများနှင့် စိမ်းလန်းအဖွဲ့များနှင့်အတူ သစ်ပင်ခြံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်းနှင့် လေဆိပ်အဆောက်အအုံရှေ့တို့ရှိ ပန်းခြံများတွင် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ အကိုင်းချိုင်ပေးခြင်း၊ မြေသြဇာထည့်ခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်ထောင်စုလမ်းမကြီးဘေး ပမ္မတီးရပ်ကွက် ရေကြည်အပိုင်းရှိ လှပ်မြေဧရိယာဖြစ်ပေါ်နေသော လယ်မြေစုစုပေါင်း (၁၅)ဧကများအား ကြည့် ရှုစစ်ဆေးခဲ့ကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စနစ်တကျ လယ်မြေပြန်လည်ထုတ်ဖော်၍…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ (၃/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၊ ငလျင်ဘေးသင့် မန္တလေးတိုင်းဒေသကြီးသို့ တပ်မတော်လေယာဉ်ဖြင့် သွေးအိတ်များပို့ဆောင်

မြစ်ကြီးနား ဧပြီ ၁၂ မေလ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် ငလျင်ဘေးဒဏ်သင့်ဒေသများမှ ပြည်သူများအတွက် ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ကချင်ပြည်နယ်အစိုးရအဖွဲ့ ဦးဆောင်၍ လှူဒါန်းပေးလျက်ရှိရာ ဧပြီ ၁၁ ရက် နံနက် ၉ နာရီကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး ခါကာဘိုရာဇီခန်းမရှိ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရုံး အလှူငွေများပေးအပ်လှူဒါန်းပွဲကို ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလို ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် ပါဝင်လှူဒါန်းပေးကြသော ရဟန်း/သံဃာ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းပြောကြားကာ နန်းကွေ့ရပ်ကွက်၊ နယ်မြေ(၆) မနောမြေပညာရေးစင်တာမှ ဦးပဉ္ဇင်းနှင့် ကျောင်းသား/ကျောင်သူများက အလှူငွေကျပ်သိန်း ၁၀၀ နှင့် ပေးဆပ်သူ အခမဲ့လူမှုကူညီရေးအသင်းမှ လှူဒါန်းငွေကျပ်သိန်း ၅၀ နှင့် မြစ်ကြီးနားညီအစ်ကိုများ ဂေါက်သီးရိုက်အသင်း…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ဇီဝိတဒါနအဖြစ် စုပေါင်းငါးလွှတ်ပွဲနှင့် မဟာပဋ္ဌာန်းကျမ်းမြတ်ဒေသနာပါဠိတော်ရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲနှင့်ဆွမ်းဆန် စိမ်းလောင်းလှူပူဇော်ပွဲသို့ တက်ရောက်၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ

မြစ်ကြီးနား ဧပြီ ၁ဝ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဇီဝိတဒါနအဖြစ် ငါးလွှတ်ပွဲအခမ်းအနားကို ဧပြီ ၁၀ ရက် နံနက် ၇ နာရီခွဲက ရုံးကြီးလမ်းနှင့် ကမ်းနားလမ်းထောင့် ဧရာဝတီမြစ်ဆိပ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ဇီဝိတဒါနငါးလွှတ်မည့် ဧရာဝတီမြစ်ဆိပ်၌ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ဦးဆောင်၍ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအသင်းဝင်များက ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ ၁၅၀၀၀ နှင့် ငါးခုံးမကြီးငါးသားပေါက်ရေ ၁၅၀၀၀ တို့ကို ဇီဝိတဒါနအဖြစ် ဆုတောင်း၍…

Read More